Lie to Me
Lie to Me (2011) အပိုင်း (1 မှ 16) စ/ဆုံး ယခု ထပ်မံတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ Old But Gold စာရင်းဝင် Lie To Me ပဲ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ Princess Hour၊ Coffee Prince စတဲ့ ဒရာမာ တွေနဲ့ လူတိုင်းသိကြတဲ့ မင်းသမီး Yoon Eun Hye၊ Children of a lesser god နဲ့ Hong Gil Dong ထဲက မင်းသား Kang Ji Hwan၊ Island အပြင် The Fiery Priest S2 မှာပါ ဗီလိန်ဇာတ်ရုပ်နဲ့ ရင်းနှီးနေကြတဲ့ မင်းသား Sung Joon တို့ ပါဝင်ထားတဲ့ ဒရာမာလေးပဲ ဖြစ်ပါတယ်။ -ဇာတ်လမ်းအညွှန်း- Gong Ah Jung (Yoon Eun Hye) က ယဉ်ကျေးမှုနဲ့ခရီးသွားလာရေး ဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ အစိုးရဝန်ထမ်းလေးပါ။ အဖေတစ်ခု သမီးတစ်ခုနဲ့ နေထိုင်လာတဲ့ Gong Ah Jung တစ်ယောက် "ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ" ဆိုတဲ့အတိုင်းပဲ ပြဿနာပေါင်းစုံနဲ့ ကြုံတွေ့ပြီးနောက် အချစ်ဦးကို လုယူခဲ့တဲ့ သူငယ်ချင်းကို လက်ထပ်ပြီးကြောင်း လိမ်လည်ဖို့ အကြောင်းဖန်လာပါတော့တယ်။ သူဖန်တီးတဲ့ဇာတ်ထဲ ပါသွားရသူကတော့ Hyun Ki Joon (Kang Hi Hwan) ပါပဲ။ အထက်ကနေမဆင်းတဲ့ ဟိုတယ်ပိုင်ရှင် Hyun Ki Joon ကလည်း လုပ်ငန်းအကျိုးအတွက် Gong Ah Jung နဲ့အတူ လုပ်ဇာတ်ခင်းပါတော့တယ်။ ဟန်ဆောင်တာကနေတစ်ဆင့် ချစ်မိသွားကြတဲ့ သူတို့ ရှေ့ဆက်ဘယ်လိုတွေ နှစ်ပါးသွားကြမလဲဆိုတာအပြင် တတိယလူကလည်း သေချာပေါက် ပါဝင်နေဦးမှာဖြစ်လို့ ပြန်လည်ကြည့်ရှုခံစားကြည့်လိုက်ပါဦးနော်။ (အညွှန်းကိုတော့ Milkeux မှ ရေးသားထားပါတယ်။) Aired: May 9, 2011 - Jun 28, 2011 Aired On: Monday, Tuesday Genres: Comedy, Romance Episodes: 16 Original Network: SBS Translated by Lai Laii, Hnin Wai Oo, Hsu Pyae, Saung Yupar & Htoo Pyae Encoded by Tiff
အပိုင်းများ
16 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း