ဇာတ်ကားများ ရွေးရန်

U-Prince: The Badass Baker

2016ဇာတ်လမ်းတွဲ

စားဖိုမှူးလေး ကျွန်မချစ်သူ (၂၀၁၆) / U-Prince: The Badass Baker (2016) စ/ဆုံး ဒီတစ်ခါမှာတော့ U-Prince ရဲ့ ၄ခုမြောက်စီးရီးဖြစ်တဲ့ The Badass Baker ကိုတင်ဆက်ပေးလိုက်ပါတယ်။ အချက်အပြုတ်ဌာနရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဒက်ရှ်၊ သူဟာ မိခင်ရဲ့ သွေးအပြည့်ပါလာသူဖြစ်ပြီး... အချက်အပြုတ်ပိုင်းမှာ မိခင်ဖြစ်သူလိုပဲ ဝါသနာပါလွန်းသူဖြစ်တဲ့အတွက် မေဂျာယူတဲ့အခါမှာတော့... အချက်အပြုတ်ဌာနကိုရွေးချယ်ခဲ့သူတစ်ယောက်ပေါ့။ အခြေအနေတွေကြောင့် နေစရာတိုက်ခန်းရှာရင်းနဲ့... တီရက်စ်တို့ကွန်ဒိုမှာ အခန်းငှားစရာတစ်ခန်းရှိနေတာရယ် အဲဒီအခန်းမှာ ဒက်ရှ်ရဲ့အကြိုက်ဆုံးအချက်ကတော့... အရမ်းကိုလှတဲ့မီးဖိုချောင်ရှိနေတဲ့အကြောင်းပြချက်နဲ့ တီရက်စ်တို့ရဲ့ကွန်ဒိုမှာ ငှားနေဖြစ်သွားပါတယ်။ ဒီလိုနေတဲ့အခါမှာ သူတစ်ယောက်တည်းတစ်ခန်းမဟုတ်ဘဲ ရီနီဆိုတဲ့ကောင်မလေးနဲ့ ... တစ်ခန်းကို နှစ်ယောက်မျှသုံးရဖို့ဖြစ်လာပါတယ်။ ရီနီဆိုတာကတော့ စာရေးဆရာမလေးဖြစ်ပြီးတော့... ညစ်ပတ်တဲ့နေရာမှာလည်း ဆရာတစ်ဆူလိုပါပဲ။ ကျောင်းစာက တစ်ဖက် စာမူအပ်ဖို့ကတစ်ဖက်နဲ့ ... အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ဝေးစွ ရေတောင် မချိုးဘဲ ညစ်တီးညစ်ပတ်နေထိုင်သူဖြစ်ပြီး... အိမ်မှာလည်း အမှိုက်တွေနဲ့ပြည့်တဲအထိကို ဖြစ်နေပါတယ်။ ဒီလိုနဲ့ အသန့်ကြိုက်တဲ့ ကိုကို စားဖိုမှူးဒက်ရှ်နဲ့ ... ညစ်ပတ်လွန်းတဲ့ စာရေးဆရာမလေးရီနီတို့ ...အခန်းတစ်ခုကို မျှပြီး သုံးဖို့အကြောင်းဖန်လာခဲ့ရာကနေ... ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်... Drama: U-Prince: The Badass Baker Genres: Food, Comedy, Romance, Drama Country: Thailand Episodes: 4 Aired: Sep 11, 2016 - Oct 2, 2016 Original Network: GMM 25 Duration: 60 min. Translated by Char Ou, Dao Phyo & Mary Encoded by Heather Oo

အပိုင်းများ

4 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း