ဇာတ်ကားများ ရွေးရန်

Yakuza Fiancé: Raise wa Tanin ga Ii

2024ဇာတ်လမ်းတွဲအမှတ် 7.0/10

IMDB – 7.4/10, MyAnimeList – 7.1/10 ဒါကတော့ တိုက်ခိုက်တာတွေ ချတာတွေကို ရိုးနေမယ့် Anime ဖန်တွေအတွက် Rom-com အမျိုးအစား အသစ်ထွက်စီးရီးလေး ဖြစ်ပါတယ်။ Rom-com ဆိုလို့ အချစ်အကြောင်းတွေချည်း မဟုတ်ပဲ စီးရီးနာမည်အတိုင်း ယာကူဇာတွေရဲ့လောက သဘာဝတွေလည်း ပါဝင်ပါသေးတယ်။ ဇာတ်ကြောင်းလေး ပြောရမယ်ဆိုရင်တော့ Tokyo က ယာကူဇာမိသားစုရဲ့ မြေးဖြစ်သူနဲ့ Osaka က ယာကူဇာမိသားစုရဲ့ မြေးမလေးဖြစ်သူတို့ကို ပေးစားဖို့ဆိုပြီး ကောင်မလေးက Tokyo ကို ကျောင်းသွားတက်ရာကနေ အစချီထားတယ်။ သူရောက်သွားတဲ့အချိန်တော့ သူလက်ထပ်ရမယ့် သတို့သားလောင်းက ရုပ်ချောချောနဲ့ အမြဲတမ်း ပြုံးရယ်နေတတ်တဲ့လူပေါ့။ အကုန်လုံး အစစအရာရာ ကူညီပေး သဘောကောင်းပြီး အဆင်ပြေတယ်ဆိုပြီး ထင်ထားတဲ့အချိန်မှ သကောင့်သားက မင်းသားခေါင်းဆောင်းကို ချွတ်ပြီး ဘီလူးဆိုင်း တီးပါတော့တယ်။ ဒီကောင်မလေး ဘယ်လိုလုပ်မလဲ ကြောက်ကြောက်နဲ့ ပြန်ပြေးမလား အဘိုးပြောတဲ့အတိုင်း ၁ နှစ်ကို သည်းခံနေပြီး ဒီကောင့်ကို ပြန်ဖြဲမလား စသဖြင့် မင်းသမီးနဲ့ မင်းသား ဘုနဲ့ဘောက် အချိုးမပြေ ရန်သတ်ရင်း Toxic Relationship တစ်ခုကို ဘယ်လိုတည်ဆောက်ပြသွားမလဲဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ မင်းသားက Red Flag လိုကောင်မျိုးမှ ကြည့်ချင်တာ ကြိုက်တာဆိုရင်တော့ ဒါ သင်တို့အတွက်ပါပဲ။ Rom-com ဆိုပေမဲ့ ယာကူဇာမိသားစုအကြောင်းတွေ ဇာတ်ရှုပ်ကြတာတွေ သတ်တာဖြတ်တာတွေအပြင် ဟာသလေးတွေလည်း ပါတာမို့ ရသစုံလေးပါပဲ။ File Size : 250 MB Quality : 1080p Running Time : 23min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း