You are Ms. Servant
MyAnimeList – 7.1/10 နောက်ထပ် အချစ်-ဟာသ Anime စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Rom-com ဆိုပေမဲ့လည်း ကျွန်တော် ကြည့်ရသလောက် Slice of life ပုံစံလေးရယ် နွေးထွေးတဲ့ မေတ္တာတရားအကြောင်းကို ဖော်ပြထားသလိုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းလေးကတော့ တစ်ယောက်တည်းနေထိုင်တဲ့ အထက်တန်းကျောင်းသားလေး Hitoyoshi ရဲ့ အိမ်ကို နွေရာသီကျောင်းပိတ်ရက်မှာ ထူးခြားပြီး လှပချောမောတဲ့ အိမ်ဖော်အဝတ်အစားလေးနဲ့ အစေခံအဖြစ် လုပ်ကိုင်ပါရစေဆိုပြီး ပဟေဠိဆန်ဆန် ရောက်ချလာပါတယ်။ ဖြစ်ချင်တော့ ဒီကောင်မလေးဟာ သူ့တစ်ဘဝလုံး လူတွေသတ်လာတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားဟောင်းပါ၊ ဒီတော့ Hitoyoshi တစ်ယောက်ခင်ဗျာ လုပ်ကြံရေးသမားတော့ မလိုဘူး တစ်ယောက်တည်းနေတာမို့ အိမ်အကူအဖြစ် အိမ်ဖော်အဖြစ်လုပ်ချင်ရင်တော့ လုပ်လို့ရတယ် လုပ်မှာလားဆိုပြီး အတူတူ နေထိုင်ခဲ့ရာကနေ အစပြုထားပါတယ်…။ ငယ်စဉ်ကတည်းက မိဘနဲ့ ပတ်သက်တဲ့ စိတ်ဒဏ်ရာရှိပြီး ရိုးသားဖြူစင်စွာ နေထိုင်တတ်သူ Hitoyoshi ရယ် လူမဆန်စွာ ကြီးပြင်းခဲ့ရပြီး အတိတ်ဆိုးပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့ရတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား ကောင်မလေးရယ် ဘယ်လိုမျိုး တစ်ဦးအပေါ်တစ်ဦး လိုအပ်ချက်တွေကို ဖြည့်စည်း ကူညီဖေးမရင်း ရှေ့ဆက်ကြမလဲဆိုတာ ဟာသတွေရော အချစ်ရေးလေးတွေရော ဒရမ်မာလေးတွေရော စသဖြင့် ပုံဖော်တင်ဆက်ထားတဲ့ အသစ်ထွက် Anime လေးပဲ ဖြစ်ပါတယ်။ သူနဲ့ အတူတူထွက်ရှိထားတဲ့ Yakuza Fiancé ထဲက Toxic ဆက်ဆံရေးတွေ Red flag ဆန်ဆန် ဇာတ်ကောင်တွေနဲ့ သူက ဆန့်ကျင်ဖက်ဖြစ်ပြီး ကြည့်ရတာ အေးချမ်းပြီး ဇာတ်ကောင်လေးတွေကလည်း Green Flag ဖြစ်တာကြောင့် သာယာစီးမျောနိုင်ဦးမှာ အမှန်ပါပဲ။ File Size : 450 MB Quality : WEB-DL 1080p Running Time : 23min Format : Mp4 Genre : Comedy, Slice of Life, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant
အပိုင်းများ
12 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း