ဇာတ်ကားများ ရွေးရန်

Two Cops

2017ဇာတ်လမ်းတွဲအမှတ် 7.5/10

Two Cops (2017) အပိုင်း (၁ မှ ၁၆) စ/ဆုံး စုံထောက်ကားလေးတွေမှ ကြိုက်နှစ်သက်သူတွေနဲ့ ၊ ဟာသကားမှ ကြည့်ချင်တဲ့သူတွေအတွက် 2 in 1 ဟာသစုံထောက်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Hospital Playlist တို့ Pilot တို့ထဲက မင်းသား Cho Jung-Seok ၊ Hometown cha-cha-cha ထဲမှ ပါးချိုင့်လေး Kim Sun-ho ၊ ပရိတ်သတ်အချစ်တော်မင်းသမီးလေး Hyeri တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Comedy , Fantasy , Romance ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း Cha Dong-Tak (Cho Jung-Seok) ဟာ တရားမျှတမှုအတွက် အသက်ပေးဆိုတောင်ပေးရဲတဲ့ ဖြောင့်မတ်တဲ့ စုံထောက်တစ်ယောက်ပါ။ တစ်ရက်... အမှုတစ်ခုကို လိုက်ရင်းနဲ့ Gong Soo-Chang(Kim Sun-ho) ဆိုတဲ့ ဉာဏ်ကောင်းပြီး ဉာဏ်နီဉာဏ်နက်များတဲ့ လူလိမ်တစ်ယောက်နဲ့ မတော်မဆဖြစ်ပြီး ဝိဉာဉ်ချင်း လဲသွားပါတော့တယ်။ လူသတ်ပါတယ်လို့ စွပ်စွဲခံရတဲ့ လူလိမ် Gong Soo-Chang ကရော စုံထောက်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး နာမည်ကို ဘယ်လိုပြန်အဖက်ဆယ်သွားမလဲ? ဖြောင့်မတ်တဲ့ စုံထောက်ဟာ မတတ်သာတော့ဘဲ လူလိမ်နဲ့ ပူးပေါင်းပြီးတော့ အမှုတွေ အရှုပ်တွေကို ဘယ်လိုဖြေရှင်းသွားကြမလဲ? တစ်ဖက်မှာလည်း သတင်းရေးဖို့ စိတ်အားထက်သန်တဲ့ သတင်းထောက်လေး Song Ji-An (Hyeri) ကရော သတင်းနှိုက်ဖို့အတွက် သူတို့ရဲ့နောက်ကို လိုက်ရင်း ဘယ်လို ရိုမန့်တစ်ဇာတ်လမ်းလေးတွေ ထွက်ပေါ်လာဦးမလဲဆိုတာကို ရိုက်ကူးပြသထားတဲ့ သုံးယောက်ပေါင်းလောင်းကျော် ခွီနေရမဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုကြည့်ပါဦးနော်... (အညွှန်းကို  Yati Naing မှ ရေးသားပေးထားပါတယ်) Episodes: 16 Aired: Nov 27, 2017 - Jan 16, 2018 Aired On: Monday, Tuesday Original Network: MBC Genres:Mystery, Comedy, Romance, Supernatural Translated by Estel, Yati Naing, May Thet, Lucien, Hsu , Nyein Sandi & Alice Encoded by AHtet

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း