ဇာတ်ကားများ ရွေးရန်

Heartbeats: Pyaar aur Armaan

2024ဇာတ်လမ်းတွဲ

Heartbeats Pyaar aur Armaan (2024) ချစ်ရင်ခုန်သံ ဒီတစ်ခေါက်မိတ်ဆက်ပေးမှာတော့ ဆရာဝန်ကားကိုမှ ကြိုက်နှစ်သက်တဲ့သူတွေ သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ အလုပ်သင်ဆရာဝန်တွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြင်တွေ့ရမဲ့အပြင် ဒီလိုအခက်အခဲတွေကြားမှာ ပေါက်ဖွားလာကြမဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ ခံစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ အက်ရှန့်ဟာ နယ်မြို့လေးတစ်မြို့က တက်လာတဲ့ အလုပ်သင်ဆရာဝန်တစ်ယောက်ပါ။ သူ့မှာ ဆေးကျောင်းပထမနှစ်ကတည်းက ကျိတ်သဘောကျနေရတဲ့ ရွယ်တူဆရာဝန်မလေး ရှန်ဆိုတာရှိပါတယ်။ ဒါပေမဲ့ အက်ရှန့်က သူချစ်တာကိုဖုံးကွယ်ထားပြီး ရှန်ကို မထိတထိနဲ့ရွဲ့ပြောတတ်တာကြောင့် နှစ်ယောက်သား ကျောင်းမှာကတည်းက မတည့်လိုက်တာ ဆေးရုံမှာ အလုပ်ဆင်းကြတဲ့အထိပါပဲ။ သူတို့အဖွဲ့မှာဆိုရင် နောက်ထပ်သုံးယောက်ရှိပါသေးတယ်။ အဲဒါကတော့ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ပျော်တတ်တဲ့ ရီရှီရယ်၊ ဆိုရှယ်မီဒီယာပေါ် အကုန်တင်တတ်တဲ့ ပူကစ်နဲ့ ရူချီစုံတွဲရယ်ပါ။ မိသားစုနောက်ခံလည်းမတူ၊ အကျင့်စရိုက်ချင်းလည်းမတူကြတဲ့ ဒီငါးယောက် ဆေးရုံမှာ သူတို့ရဲ့အလုပ်သင်ကာလကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတာတော့ ဇာတ်လမ်းလေးကြည့်ပြီး စီးမျောခံစားလိုက်ပါနော်။ (ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှဖြစ်ပါတယ်) File Size – 500 MB (Appx;)@Episode Quality – 1080p WEB DL Duration –30minute (@Episode) Total Episodes:19Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama~ Comedy Translator – CM Bollywood Team  Encoder – YK

အပိုင်းများ

19 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 19 အပိုင်း

ဇာတ်လမ်းအကြောင်း