Who Is She
Who Is She (2024) ဒီဇာတ်လမ်းလေးကတော့ 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Miss Granny ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။ အဘွားအို အိုမယ်ဆွန်း ( Kim Haesook ) ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်သွားရပြီး စားသောက်ဆိုင်သေးသေးလေး ဖွင့်ရင်း ကလေးတွေကို ပျိုးထောင်လာခဲ့တာ အသက် ၇၀ ကျော်နေပါပြီ။ တစ်ရက်မှာတော့ သမီးဖြစ်သူနဲ့ ရန်ဖြစ်ပြီး အိမ်ကနေ ထွက်လာတဲ့ အိုမယ်ဆွန်းဟာ အသက် ၂၀ အရွယ် ရုပ်သွင်ကို ပြန်ပြောင်းသွားခဲ့ပါတယ် ။ ဒီအခွင့်အရေးကို အသုံးချပြီး အိုမယ်ဆွန်းဟာ အိုဒူရီ ( Jung Jiso ) ဆိုတဲ့ နာမည်အသစ်နဲ့ သူ့အိပ်မက်ဖြစ်တဲ့ အဆိုတော်ဖြစ်ဖို့ အရေး ကြိုးပမ်းပါတော့တယ်။ Idol trainee တစ်ယောက် ဖြစ်လာတဲ့ အိုဒူရီဟာ Unis Entertainment ကို ဝင်သွားခဲ့ရာကနေ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ ဒန်နီရယ်ဟန် ( Jung Jinyoung ) နဲ့ တွေ့ဆုံရပါတော့တယ်။ တိကျသေချာတဲ့ ပရိုဂျူဆာ ဒန်နီရယ်ဟန်ရဲ့ ဘဝထဲကို အဘွားအို တစ်ဖြစ်လဲ idol trainee အိုဒူရီ ရောက်လာပြီးတော့မှ ဘယ်လိုတွေ ကမောက်ကမဖြစ်မလဲ ။ သူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။ (အညွှန်းကိုတော့ Hazelle မှ ရေးသားထားပါတယ်။) Aired: Dec 18, 2024 - Jan 23, 2025 Aired On: Wednesday, Thursday Genres: Mystery, Comedy, Drama, Fantasy Episodes: 12 Original Network: KBS2 Translated by ToeToe Aung, Stary, Milkeux, Yati Naing & Theint Encoded by Tiff
အပိုင်းများ
12 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း