This Is Going to Hurt
This is going to hurt (2022) ကျွန်တော်တို့ CM ကနေ ဆရာဝန် ဟာသ စီးရီးလေးတစ်ခု ထပ်တင်ပေးချင်ပါတယ်။ အပိုင်း ၇ ပိုင်းပဲ ပါပါတယ်။ ဆရာဝန် ဟာသပညာရှင် အဒမ်ကေရဲ့ နိုင်ငံတကာ best seller ဝတ္ထုကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဆရာဝန်တစ်ယောက်ရဲ့ ကြုံခဲ့ဖူးတဲ့ အလွဲတွေဟာသတွေပေါ့။ ဒီတစ်ခါတော့ အဓိက ဇာတ်ကောင်က သားဖွားမီးယပ်ပါရဂူ ပေါက်စလေးပါပဲ။ ထူးထူးခြားခြား ပါရမီပါတာလည်းမဟုတ်ပါဘူး။ အမှားတွေလုပ်တတ်တယ် သင်ယူနေရတယ်။ သူလိုကိုယ်လိုပါပဲ။ ဂျစ်ကပ်ကပ်နိုင်တယ် ဂွစာတိုက်တတ်တယ်။ လူနာတွေအပေါ် စေတနာကောင်းတယ်။ ဂေးဖြစ်နေတာကို ဆေးရုံကလူတွေမသိအောင် ဖုံးထားချင်တယ်။ ပြီးတော့ သားဖွားမီးယပ် ဆရာဝန်အကြီးတန်းဖြစ်ချင်ပြီး ပိုက်ဆံများများရပြီး နှပ်ချင်တယ်။ ဒီလိုရိုးရှင်းပါတယ်။ ပြီးတော့ BBC ရဲ့ ဗြိတိန်ကားဆိုတော့ မြန်မာနိုင်ငံနဲ့ကျန်းမာရေးစနစ်ချင်း ဆင်ပါတယ်။ သင်ရိုးနဲ့ လုပ်ပုံလုပ်နည်းတွေလည်းဆင်ပါတယ်။ ဟောက်စ်ဆာဂျင်တွေ နှစ်လလောက်ကြာတာတောင် ကလေးမွေးဖို့ သင်ပေးမယ့်သူမရှိလို့ မမွေးတတ်သေးတာတွေ တောက်တိုမယ်ရပဲလုပ်နေရတာတွေ၊ အစိုးရဆေးရုံမို့ လူပေါင်းစုံ ပြဿနာပေါင်းစုံကို ရှင်းရတာတွေ။ လူနာတွေက လူမျိုးရေးခွဲခြားပြီး နှိမ်ချင်တာတွေ။ ဆေးရုံမှာမနိုင်မနင်းနဲ့ ပင်ပန်းလွန်းကြတာတွေ။ ဒီလိုသဘာဝကျကျ ဇာတ်ကောင်တွေနဲ့ ဟာသလည်းမြောက် ဗဟုသုတလည်းရ ပျော်စရာလည်းကောင်းတဲ့စီးရီးမို့ သေချာပေါက်ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။ တုံးလုံးအခန်းတွေ သွေးသံရဲရဲတွေ အဆဲအဆိုတွေပါတာတော့ ကြိုသတိပေးချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ် Genre.....Comedy, Drama, Medical Quality….WEB-DL 1080p File size…700MB Format…mp4 Duration….45min Subtitle….Myanmar Subtitle (Hardsub) Translator .....Mr.Anderson Encoder .....August
အပိုင်းများ
7 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း