ဇာတ်ကားများ ရွေးရန်

Sweet Kaaram Coffee

2023ဇာတ်လမ်းတွဲအမှတ် 6.2/10

Sweet Kaaram Coffee (2023)"ချိုမြိန်တဲ့ ကော်ဖီတစ်ခွက်" ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော ဟာသ ဒရာမာ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ . လူ့ဘဝကြီးက တိုတိုလေးတဲ့။ အချိန်တွေ ကုန်လို့ကုန်သွားမှန်းမသိရတဲ့ လူ့ဘဝသက်တမ်း ခဏလေးအတွင်းမှာ မိဘကောင်း၊ ခင်ပွန်းကောင်း၊ ဇနီးကောင်း၊ သားသမီးလိမ္မာဆိုတဲ့ ခေါင်းစဉ်တွေအောက်ကနေ ကိုယ်လုပ်ချင်တာတွေ ဘာတစ်ခုမှလုပ်ခွင့်မရဘဲ မိသားစုရဲ့ ဝေယျာဝစ္စတွေအတွက်ပဲ အချိန်ပေးရင်း သက်တမ်းကုန်ဆုံးသွားရတဲ့သူတွေ ဘယ်လောက်တောင်ရှိနေမလဲ..။ . ဒီဇာတ်လမ်းတွဲထဲမှာဆိုရင်လည်း သားဖြစ်သူက အမြဲတမ်းစိုးရိမ်နေလို့ အိမ်ထဲကနေအပြင်တောင် မထွက်ရတဲ့ အမျိုးသမီးကြီးတစ်ယောက်၊ မိသားစုအတွက်ပဲ တစ်ဘဝလုံး အချိန်ပေးခဲ့ပေမဲ့ မိသားစုက ခိုင်းစရာလူလောက်ပဲ သဘောထားတာခံရပြီး လူရာသွင်းမခံရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကိုယ်တိုင်ကြိုးစားလို့ အမျိုးသမီးခရစ်ကတ်သမားတစ်ယောက်ဖြစ်လာပေမဲ့ မိန်းကလေးဖြစ်နေလို့ လုံလောက်အောင် အသိအမှတ်ပြုမခံရတဲ့ မိန်းကလေးတစ်ယောက်။ . မွန်းကျပ်တာတွေများလာတဲ့ သူတို့သုံးယောက်ဟာ တစ်ခါလောက်တော့ ကိုယ်ကြိုက်တာကိုယ် လုပ်ကြည့်ကြမယ်ဆိုပြီး မိန်းကလေးသုံးယောက်တည်း ပထမဆုံးအကြိမ် အပန်းဖြေခရီးတစ်ခုကိုသွားဖို့ကြိးစားကြရင်း ကြုံတွေ့ရတဲ့ စွန့်စားခန်းတွေ၊ အခက်အခဲတွေနဲ့ လူ့ဘဝရဲ့ ဒဿနတွေကို ဒီဇာတ်လမ်းတွဲထဲမှာ ပေါ့ပေါ့ပါးပါး မြင်ကြရမှာဖြစ်ပါတယ်...။ . (ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File Size – 1 GB (Appx;)@Episode Quality – 1080p WEB DL Duration – 35minute (@Episode) Total Episodes: 8 Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy ~ Family ~ Drama Translator – CM Bollywood Team Encoder – YK

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း