ဇာတ်ကားများ ရွေးရန်

Unmasked

2025ဇာတ်လမ်းတွဲအမှတ် 8.3/10

Unmasked (2025) အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီတစ်ခေါက်မှာတော့ Channel Myanmar ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ အသစ်ထွက်ရှိလာတဲ့ မှုခင်းဟာသဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့ Under The Queen's Umbrella ထဲမှ မိဖုရားကြီးဖြစ်တဲ့ Kim Hye Soo ၊ The Glory ထဲမှ မင်းသား Jung Sung-Il ၊ Extraordinary Attorney Woo ထဲမှ Joo Jong-Hyuk တို့ အဓိက ပါဝင်ထားပြီး ဝါရင့်သရုပ်ဆောင်ကြီးများစွာလည်း အားဖြည့်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ အမှုစစ်တွေ စုံထောက်တွေ မဖြေရှင်းနိုင်တဲ့အမှုတွေကို တင်ဆက်ပေးတဲ့ "Trigger" ဆိုတဲ့ ရုပ်သံအစီအစဥ်ရဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ Oh So Ryong (Kim Hye Soo) ကတော့ သူမ ဘဝမှာ မနက်ဖြန်ဆိုတာ မရှိသလိုမျိုး တရားမျှတမှု အတွက် သက်စွန့်စံဖျား ကြိုးစားပြီး အမှုဖြေရှင်းတတ်သော်လည်း သူမရဲ့ ရှိုးကတော့ ဖျက်သိမ်းခံရလုနီးပါဖြစ်နေပါတော့တယ်။ ဒီလို အလုပ်ကြမ်းပိုးရှိနေတဲ့ အဖွဲ့ထဲကို အကပ်နဲ့ ဝင်လာပြီး နောက်ပိုင်း ပရိုဂျူဆာကြီးရဲ့ တက်ကြွတဲ့ စိတ်ကြောင့် အလုပ်ချိန်တိုင်းလိုလို ဒုက္ခခံစားနေရတဲ့ လူမှုရေး ခေါင်းပါးသူ Han Do (Jung Sung-Il) နဲ့ အဖွဲ့ရဲ့အငယ်ဆုံး ပရိုဂျူဆာဖြစ်တဲ့ Kang Ki Ho (Joo Jong-Hyuk) တို့ ရောက်ရှိလာပါတော့တယ်။ ဒီလိုနဲ့ပဲ ဖျက်သိမ်းခံရတော့မဲ့ ရှိုးကို ဆက်လက် ရိုက်ကူးနိုင်ဖို့ အတွက် အမှု သက်တမ်း နှစ်၂၀ကြာပြီ ဖြစ်တဲ့ နာမည်ကြီး မင်းသား ပျောက်ဆုံးသွားတဲ့ အမှုသေ တစ်ခုကို ကိုင်တွယ် ဖြေရှင်းဖို့ဖြစ်လာပြီး နောက်မှာတော့.... ရှုပ်ထွေးပွေလီလှတဲ့ အမှုကို Trigger အဖွဲ့ ဖြေရှင်းနိုင်သွားပြီး တရားမျှတမှု ယူဆောင်လာပေးနိုင်မလား.. ရှိုးကိုလည်း ကယ်တင်သွားနိုင်မလား...ဆိုတာကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ Channel Myanmar နဲ့အတူ ကြည့်ရှုခံစားပေးကြပါဦးနော်။ (အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။) Aired: Jan 15, 2025 - Feb 19, 2025 Aired On: Wednesday  Genres: Thriller, Mystery, Comedy Episodes: 12 Original Network: Disney+ Translated by Thinn, Hsu Pyae, Esth, ToeToe Aung, Treasure Htet & KhniNi Encoded by Tiff

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း