ဇာတ်ကားများ ရွေးရန်

Shopping King Louie

2016ဇာတ်လမ်းတွဲအမှတ် 7.9/10

Shopping King Louie (2016) အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ "Death's Game","Doom at Your Service" စတဲ့ ဇာတ်ကားကောင်းတွေမှ မင်းသားချော Seo In Guk, "Good Partner"ဇာတ်ကားမှ ရှေ့နေမလေး Nam Ji Hyunတို့ ပါဝင်ထားတဲ့ အချစ်ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ် .. ဝမ်လူဝီ(Seo In Guk)ဟာ ငယ်ငယ်လေးတည်းက မိဘနှစ်ပါးလုံးဆုံးပါးသွားတာကြောင့် အဘွားဖြစ်သူရဲ့အလိုလိုက်ခံရပြီး ကြီးပြင်းလာတဲ့ ရွှေရောင်လုပ်ငန်းစုရဲ့ အမွေဆက်ခံသူ တစ်ယောက်ဖြစ်ပါတယ် .. ဒါ‌ပေမဲ့ တစ်နေ့မှာတော့ လူဝီဟာ ကားမတော်တဆမှုဖြစ်ပြီး အတိတ်မေ့ကာ အခြေအနေမဲ့ဘဝကို ရောက်သွားပါတော့တယ် .. အဲဒီအချိန်မှာပဲ ဂင်ဘို့ရှီ(Nam Ji Hyun)ဆိုတဲ့ တောသူမလေးတစ်ယောက်ဟာ မောင်ဖြစ်သူကိုရှာဖို့အတွက် မြို့ပေါ်ကိုတက်လာရင်း ယောင်လည်လည်ဖြစ်နေစဉ် အမှတ်မထင် အတိတ်မေ့နေတဲ့လူဝီနဲ့ တွေ့ဆုံခဲ့ပါတယ် .. တိုက်တိုက်ဆိုင်ဆိုင် လူဝီဝတ်ထားတဲ့အင်္ကျီက မောင်ဖြစ်သူရဲ့အင်္ကျီနဲ့ ဆင်တူနေတာကြောင့် ဘို့ရှီတစ်ယောက် အတိတ်မေ့နေတဲ့လူဝီကို ခေါ်ထားဖို့ဆုံးဖြတ်လိုက်ပါတော့တယ် .. ဒါကြောင့် တစ်အိမ်တည်းမှာအတူတူနေရင်း ဘို့ရှီနဲ့ လူဝီတို့ သံယောဇဉ်တွေ ဘယ်လိုတိုးလာမလဲဆိုတာ ရိုမန့်တစ်ဆန်ဆန် ဟာသလေးနှောပြီးပါ ကြည့်ရှုရမှာမို့လို့ ခံစားလိုက်ပါဦးနော် .. (အညွှန်းကို  Toe Toe Aung မှ ရေးသားပေးထားပါတယ်) Aired: Sep 21, 2016 - Nov 10, 2016 Aired On: Wednesday, Thursday Original Network: MBC Genres:Comedy, Romance, Life, Drama Translated by Htoo Pyae, Toe Toe Aung, Nyein Sandi, Estel, Eric & May Thet Encoded by AHtet

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း