Russian Doll
Russian Doll - Season 01 IMDb Rating - 7.8/10 ယခု CM ကနေ တင်ဆက်ပေးမယ့် Drama/ Comedy စီးရီးလေးဟာ2019 ခုနှစ်က ထွက်ရှိထားတဲ့ စီးရီးကောင်းတစ်ခုဖြစ်ပြီး မကြာခင်လည်းSeason 2 ထွက်ရှိမှာဖြစ်လို့ Season 1 ကို ဦးစွာတင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Natasha Lyoone ဟာ ဒီဇာတ်လမ်းတွဲအတွက်စာရေးဆရာနဲ့ ဒါရိုက်တာပိုင်းမှာ ကိုယ်တိုင်ပါ၀င်ခဲ့ပါတယ်။ဒီစီးရီးထဲမှာတော့ သူဟာ နာဒီယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ပါ ။ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဘ၀ကို အလေးအနက်မထားပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသတစ်ယောက် ၊ အချစ်ရေး အိမ်ထောင်ရေးတွေမှာလည်း အယုံအကြည်မရှိတဲ့သူပေါ့ ။ ဒီလိုလူတစ်ယောက်ဆီကိုစကြာ၀ဠာကြီးက လမ်းကြောင်းပြန်တည့်မတ်ပေးဖို့ ဖြစ်လာတဲ့အခါနာဒီယာတစ်ယောက် သူ့ရဲ့မွေးနေ့ပွဲညတစ်ညမှာ မမျှော်လင့်ထားတာတွေဖြစ်လာရတော့မယ် အလေးအနက် မထားချင်လည်း ထားရမယ့် ကိစ္စတွေရှိလာရတော့မယ်။ဖြစ်ပုံက နာဒီယာဟာ သေလိုက် ရှင်လိုက်နဲ့ တူညီတဲ့မွေးနေ့ပွဲညကိုပဲထပ်တလဲလဲဖြတ်သန်းနေရတာပါပဲ ။ ပေါ့ပျက်ပျက်မိန်းမသား နာဒီယာတစ်ယောက် ခေါင်းနပန်းကြီးပြီ ... ဒါကြီးဟာ သူခါတိုင်းလို လစ်လျူရှုလို့ရတဲ့ကိစ္စလေးတွေလိုမဟုတ်ခဲ့တော့ဘူးပေါ့။နောက်ပြီး ဒီလိုဖြစ်နေတာက သူတစ်ယောက်တည်း ဒီလိုဖြစ်နေတာလား၊သူ ဒီကနေ ဘယ်လိုရုန်းထွက်ရမလဲ၊ ဒီထဲမှာပဲ သူတစ်သက်လုံး နေရတော့မှာလား၊အဲလိုတော့ မဖြစ်ဘူး သူ တစ်နည်းနည်းနဲ့တော့ ဒီထဲကနေ ရုန်းထွက်ဖို့ ကြိုးစားရမှာပဲ....ကဲ ပရိသတ်တွေလည်း အဖန်တလဲလဲ နေ့ရက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့နာဒီယာနဲ့အတူ ဒီကားလေးကို ခံစားကြည့်ရှုလိုက်ရအောင်ပါ။ (ဒီစီးရီးရဲ့ အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ CM Team မှဖြစ်ပါတယ်။) File Size - (500 MB) Quality – WEBDL 1080p Duration - 1Hr (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Drama, Thriller Translator – CM Team Encoder – SWM Russian Doll - Season 02 IMDb Rating - 7.8/10 Season 1 မှာ သေလိုက် ရှင်လိုက်နဲ့ တူညီတဲ့မွေးနေ့ပွဲညကိုပဲထပ်တလဲလဲဖြတ်သန်းနေခဲ့ရတဲ့ နာဒီယာဟာ အခု Season(2) မှာတော့ အမှတ်(၆)ရထားကိုစီးပြီး သက္ကရာဇ် ၁၉၈၀ ကျော်ကိုပြန်ရောက်သွားခဲ့ပါတယ်။ထူးဆန်းတာက ပြန်ရောက်သွားချိန်မှာ သူကိုယ်တိုင်အနေနဲ့မဟုတ်ပဲသူ့ကိုကိုယ်ဝန်လွယ်ထားတဲ့ သူ့အမေကိုယ်ထဲရောက်သွားခဲ့တာဖြစ်ပြီးသူဘယ်သွားသွား လူတွေက သူ့အမေနိုရာအဖြစ်ပဲ မြင်နေကြတာပါ။သူ့အမေဖြစ်သူ နိုရာက စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရတာဖြစ်ပြီးသူ့အဖွားရဲ့ရွှေဒင်္ဂါးတွေကို ခိုးပြီး အကုန်လျှောက်သုံးခဲ့ပါတယ်။နောက်ပြီးမိသားစုဆီက အမွေလိုချင်တဲ့နာဒီယာလည်း အဲဒီရွှေဒင်္ဂါးတွေကိုရေဆုံးမြေဆုံးလိုက်ပြန်ရှာရာက ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှူခံစားလိုက်ပါဦး။ (ဒီစီးရီးရဲ့ အညွှန်းကို May Myat Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ May Myat Thu, Thiha Yan Naing တို့ဖြစ်ပါတယ်။) File Size - (300 MB) Quality – WEBDL 720p Duration - 1Hr (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Drama, Thriller Translator – May Myat Thu, Thiha Yan Naing Encoder – SWM
အပိုင်းများ
15 အပိုင်း၊ season 2 seasonဇာတ်လမ်းအကြောင်း