Newtopia
Newtopia (2025) အပိုင်း (၁ မှ ၈) စ/ဆုံး အားလုံးစောင့်ဆိုင်းနေခဲ့ရတဲ့ ဇွန်ဘီကားအသစ် Newtopia ဟာ နောက်ဆုံးမှာတော့ ပရိသတ် ရှေ့မှောက်ကို ရောက်ရှိလာခဲ့ပါပြီ .. ။ Blackpink အဖွဲ့ဝင် အလှလေး Kim Jisoo နဲ့ The 8-show, Light shop စသဖြင့် အခြားသောနာမည်ကြီးဒရာမာများစွာမှာ ပါဝင်ထားတဲ့ မင်းသားချော Park Jeong-Min တို့ Main Cast အနေနဲ့ ပါဝင်ထားကြတဲ့ ဇွန်ဘီဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း Lee Jae-Yoon(Park Jeong-Min) ကတော့ အခြားသော သက်တူရွယ်တူတွေထက် နောက်ကျပြီး အသက် ၂၆ မှ စစ်မှုထမ်းနေရသူတစ်ဦးပါ ။ သူ့ရဲ့ချစ်သူကောင်မလေးဖြစ်တဲ့ Kang Young-Joo (Kim Jisoo) ကတော့ တက္ကသိုလ်တက်စဉ်က ရုပ်ရည်ချောမောမှုကြောင့် အလှဘုရင်မလို့ နာမည်ကြီးခဲ့ပြီး အခုလက်ရှိမှာတော့ ကုမ္ပဏီတစ်ခုရဲ့ သာမန်ဝန်ထမ်းတစ်ယောက်ပဲဖြစ်ပါတယ်။ Lee Jae-Yoon တစ်ယောက် သူ့ရဲ့အနာဂါတ်နဲ့ပက်သက်ပြီး ပူပန်သောကရောက်နေရတာနဲ့တင် ချစ်သူကောင်မလေးရဲ့ခံစားချက်တွေကို အလေးမထားမိဘဲ သမီးရည်းစားနှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အေးစက်လာပြီးတော့ ပြတ်လုဆဲဆဲဖြစ်နေတဲ့အချိန်.... တစ်ရက်မှာတော့ လူတွေကို ဇွန်ဘီအဖြစ် ကူးစက်ပြောင်းလဲစေတဲ့ ဘယ်ကမှန်းမသိတဲ့ ဗိုင်းရပ်စပ်တစ်ခု ပေါ်ထွက်လာပြီး ဆိုးလ်မြို့တစ်ခုလုံးကို လွှမ်းခြုံသွားပါတော့တယ်။ ထိတ်လန့်စရာပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ရင်း သန်မာရဲရင့်လာတဲ့ ကုမ္ပဏီဝန်ထမ်းလေး Kang Young-Joo နဲ့ စစ်သားဖြစ်နေပေမဲ့လည်း အားနည်းပြီးတော့ ယုံကြည်ချက်မရှိတဲ့ Lee Jae-Yoon တို့နှစ်ယောက်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ဇွန်ဘီတွေကို တစ်ဆင့်ချင်းစီ နှိမ်နှင်းပြီးတော့ အပျက်အစီးတွေကြားထဲမှာ ပြန်လည်ဆုံစည်းအောင် ကိုယ်စီ ဘယ်လိုကြိုးစားသွားကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းလေးဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားပေးထားပါတယ်) Episodes: 8 Aired: Feb 7, 2025 - Mar 21, 2025 Aired On: Friday Original Network: COUPANG TV Genres: Action, Thriller, Romance, Fantasy Translated by Eric, Lai Laii, Toe Toe Aung, Hazelle, Htoo Pyae & Yati Naing Encoded by AHtet
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း