ဇာတ်ကားများ ရွေးရန်

Medical Top Team

2013ဇာတ်လမ်းတွဲအမှတ် 7.5/10

Medical Top Team (2013) အပိုင်း (၁ မှ ၂၀) စ/ဆုံး မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ The Trauma Code ဇာတ်လမ်းတွဲထဲက မင်းသားကြီး Ju Ji Hoon ပါဝင်ထားတဲ့ Medical Top Team ဆိုတဲ့ ဆရာဝန်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားထဲမှာတော့ Ju Ji Hoon နဲ့အတူ မင်းသားကြီး Kwon Sang Woo၊ Shinee ရဲ့ Choi Min Hoနဲ့ မင်းသမီး Jung Ryeo Won၊ Oh Yeon Seon တို့က Main Cast တွေ အဖြစ် ပါဝင်ထားကြပြီး ပရိသတ် ရင်းနှီးပြီးသား တခြား ဝါရင့် ဇာတ်ပို့ သရုပ်ဆောင်များစွာလည်း ပါဝင်ပါတယ်။ ဇာတ်လမ်းအညွှန်း ဌာနမှူး ဟန်ဆွန်းဂျယ် ဦးဆောင်ဖွဲ့စည်းမဲ့ "Medical Top Team" ဆိုတာကတော့ ဆေးပညာရပ်နယ်ပယ် အသီးသီးက ကျွမ်းကျင်ဆရာဝန်တွေနဲ့ သီးသန့်ဖွဲ့စည်းထားတဲ့ ဌာနတွင်း အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ လူ့ဂွစာ စရိုက်မျိုးရှိတဲ့ ဆရာဝန် ဘတ်ထယ်ရှင်း(Kwon Sang Woo)ကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လူနာတွေကို ပထမဦးစားပေး နေရာမှာ ထားတတ်တဲ့သူမျိုးပါ။ ပါမောက္ခ ဆောဂျူယောင်း (Jung Ryeo Won) ကတော့ အရည်အချင်းရှိတဲ့ ဆရာဝန်ပီပီ အလုပ် လောဘရှိပြီး ပညာမာနလေးလည်း ထားတတ်သူပါ။ တစ်နေ့မှာတော့ အခြေအနေအရပ်ရပ်ကြောင့် တခြားဆေးရုံက ဆရာဝန်ဖြစ်တဲ့ ဘတ်ထယ်ရှင်းဟာ ပါမောက္ခ ဆောဂျူယောင်းတို့ ဆေးရုံက လူနာရဲ့ ခွဲစိတ်မှုကို ဝင်ရောက် ကူညီဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုကနေ ဘတ်ထယ်ရှင်းရဲ့ အရည်အချင်းကို မျက်စိကျသွားတဲ့ ဟန်ဆွန်းဂျယ်ဟာ ပြင်ပဆရာဝန်ဖြစ်တဲ့ ဘတ်ထယ်ရှင်းကို Top Team အဖွဲ့ဝင်အဖြစ် လာရောက်လုပ်ကိုင်ဖို့ ကမ်းလှမ်းပါတော့တယ်။ လူနာတွေကို ဦးစားပေးတတ်တဲ့ ဆရာဝန်နဲ့ အရည်အချင်းကို အသိအမှတ်ပြုခံချင်တဲ့ ဆရာဝန်၊ ခံယူချက် အသီးသီးနဲ့ ပန်းတိုင် အသီးသီး ရှိသူတွေ ပါဝင်လာမဲ့ ဒီ Medical Top Team ဟာ လူနာတွေရဲ့ အသက်ကို ဘယ်လို ပူးပေါင်း လုပ်ဆောင်ပြီး ကယ်တင်သွားမလဲ ဆိုတာကို ကြည့်ရှူခံစားဖို့ ညွှန်းဆိုပေးလိုက်ရပါတယ်။ (အညွှန်းကို Treasure Htet မှ ရေးသားပေးထားပါတယ်) Episodes: 20 Aired: Oct 9, 2013 - Dec 12, 2013 Aired On: Wednesday, Thursday Original Network: MBC Genres: Drama, Medical Translated by Htoo Pyae, Treasure Htet, Nyein Sandi, Khinni, Phyu Phyu Thein & May Thet  Encoded by AHtet

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း