ဇာတ်ကားများ ရွေးရန်

The Consultant

2023ဇာတ်လမ်းတွဲအမှတ် 6.8/10

The Consultant (2023) The Consultant ဆိုတဲ့ စီးရီးကတော့ IMDb 7.1 ရရှိထားတဲ့Black Comedy၊ Thriller အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းစစချင်းမှာ CompWare ဆိုတဲ့ ဂိမ်းကုမ္ပဏီတစ်ခုကိုအလယ်တန်းကျောင်းက ကလေးတွေ လေ့လာရေးဆင်းရင်းနဲ့ ကုမ္ပဏီရဲ့ Founder ဖြစ်သူ Sang-woo ကိုကလေးတစ်ယောက်က သေနတ်နဲ့ပစ်သတ်လိုက်ပါတယ်။Sang-Woo မရှိတော့တဲ့နောက်ပိုင်း ကုမ္ပဏီက ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာRegus Patoff ဆိုတဲ့ အကြံပေးက ရုတ်တရက်ရောက်လာပြီးသူ့ကို Sang-Woo က တာဝန်ပေးထားခဲ့တာဆိုပြီးတော့ ကုမ္ပဏီကို လွှဲယူလိုက်ပါတယ်။သူ စရောက်ရောက်ချင်းမှာ ရုံးချိန်နောက်ကျတဲ့ဝန်ထမ်းတို့၊ အနံ့အသက်မကောင်းတဲ့ ဝန်ထမ်းတို့ကိုအလုပ်ဖြုတ်ပစ်တာကြောင့် သူ့ကို ကြည့်မရကြပါဘူး။ အဲဒါကြောင့် Sang-woo ရဲ့လက်ထောက်ဖြစ်တဲ့ Elaine နဲ့ ကုမ္ပဏီကဝန်ထမ်း Craig တို့ကRegus Patoff ရဲ့နောက်ကြောင်းကို စုံစမ်းကြပါတော့တယ်။အဲဒီလိုနဲ့ Sang-woo နဲ့ Regus Patoff ကြားက ဆက်ဆံရေးက ဘယ်လိုမျိုးလဲ၊စည်းကမ်းတင်းကြပ်တဲ့ Regus Patoff နဲ့ ကုမ္ပဏီဝန်ထမ်းတွေကြားက ဆက်ဆံရေးရော အဆင်ပြေပါ့မလားဆိုတာကိုအစအဆုံး ၈ ပိုင်း ရှိတဲ့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့။ အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Moh Moh, Mary Christ, Sai Thurein Lynn, Hugo,Xavier Zy, Hetang, KyalSin Yati Ko တို့ပဲ ဖြစ်ကြပါတယ်။ Genre..... Comedy, Drama Quality…. 1080p File size… 400MB Format… mp4 Duration…. 36 min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh, Mary Christ, Sai Thurein Lynn, Hugo, Xavier Zy, Hetang, KyalSin Yati Ko Encoder ..... August

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း