Melo Movie
Melo Movie (2025) အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး ဒီနေ့မှာတော့ Channel Myanmar ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲလေး ထွက်ရှိလို့လာပါပြီ။ Cast တွေအနေနဲ့ကတော့ အားလုံးရဲ့အချစ်တော် မင်းသမီးနဲ့ မင်းသားဖြစ်ကြတဲ့ Park Bo-Young နဲ့ Choi Woo-Sik တို့အပြင် Lee Jun- Young ၊ Jeon So-Nee, Kim Jae Wook၊ Cha Woo-Min စတဲ့ သရုပ်ဆောင်များစွာလည်း အားဖြည့်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ လက်ရှိမှာ လက်ထောက်ဒါရိုက်တာအဖြစ် အလုပ်လုပ်နေတဲ့ Kim Mu Bi (Park Bo-Young) ဟာ ရုပ်ရှင်တွေကို သမီးဖြစ်တဲ့သူထက် ပိုချစ်မြတ်နိုးတဲ့ အဖေ့ကိုမုန်းတီးစိတ်ကြောင့်ပဲ ရုပ်ရှင်ဆိုတဲ့အရာကို သိရဖို့အတွက် ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်လာချင်သူပါ။ ဖျော်ဖြေရေးလောကထဲကို ဝင်လာပြီးနောက်ပိုင်းမှာတော့ သူ့အရည်အချင်းတွေကို ထုတ်မပြဘဲ အေးဆေးနေချင်တဲ့သူဖြစ်ပေမဲ့ သူမဘဝထဲကို Go Gyeom ဆိုသူ ဝင်ရောက်လာပြီးနောက် ပြောင်းလဲမှုတွေ စတင်လာပါတော့တယ်။ Go Gyeom (Choi Woo-Sik) ကတော့ ရုပ်ရှင်တွေထဲမှာ ဖြတ်လျှောက်အဖြစ် အလုပ်လုပ်ပြီးနောက် ရုပ်ရှင်ဝေဖန်ရေးသမား တစ်ယောက်ဖြစ်လာသူပါ။ ရုပ်ရှင်တွေကို သဘောကျလွန်းလှတဲ့ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ရုပ်ရှင်မှန်သမျှကို ကြည့်ရဖို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ရုပ်ရှင်ကိုချစ်မြတ်နိုးသူနဲ့ ရုပ်ရှင်ဆိုတဲ့အရာကို သိချင်နေတဲ့လူနှစ်ယောက် ဘယ်လိုတွေ့ဆုံကြမလဲ ... တစ်ဖက်မှာတော့ Hong Shi-Joon (Lee Jun-Young) ဆိုသူဟာ နာမည်မရှိသေးတဲ့ တေးရေးဆရာတစ်ယောက် ဖြစ်ပေမဲ့ သူ့ကိုယ်သူလူတော်လို့သတ်မှတ်ထားသူဖြစ်ပြီး သူ့ရည်းစားဟောင်းဖြစ်တဲ့ Son Joo-A (Jeon So-Nee) ကတော့ ဇာတ်ညွှန်းစာရေးဆရာမ တစ်ယောက်ဖြစ်ပါတယ်။ သူတို့ကရော ဘယ်လိုတွေပြန်လည်တွေ့ဆုံကြမလဲ ... ဒီလိုနဲ့ပဲ ချစ်လည်းချစ်ဖူးချင်ကြ အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်ချင်ကြပေမဲ့ လမ်းပျောက်နေကြတဲ့ လူငယ်တွေ အချင်းချင်းတွေ့ဆုံပြီး စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားသွားကြမလဲ.. ဒဏ်ရာကိုယ်စီရှိကြတဲ့ လူငယ်တွေရဲ့ အိပ်မက်နဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို Valentine's Day မှာ Channel Myanmar နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ (အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။) Aired: Feb 14, 2025 Aired On: Thursday Genres: Romance, Youth, Drama Episodes: 10 Original Network: Netflix Translated by Hsu Pyae, Han, May Thet, Thinn, KhinNi & Phyu Phyu Thein Encoded by Heather Oo & Tiff
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း