ဇာတ်ကားများ ရွေးရန်

Love You to Death

2025ဇာတ်လမ်းတွဲအမှတ် 5.5/10

Season 1 အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး စပိန် Romance, Comedy စီးရီး Love You To Death ကတော့ Apple TV+ ကပြသနေတဲ့ဟာသစီးရီးသစ်တစ်ခုဖြစ်ပါတယ်။ ခေါင်းလေးနည်းနည်းမူးလို့ ဆရာဝန်သွားပြတဲ့ရာအူးလ်တစ်ယောက် သူ့မှာနှလုံးကင်ဆာဖြစ်နေတာကိုသိလိုက်ရပြီး သုံးပတ်အတွင်း ခွဲစိတ်မှုလုပ်ရင်တောင် အသက်ရှင်နိုင်ခြေက ၃၀ ရာခိုင်နှုန်းပဲရှိပါ တော့တယ်။ ဒီလိုအခြေအနေမှာ ရည်းစားကပါပစ်သွားတာခံလိုက်ရတဲ့ရာအူးလ်ဟာ အသေတတ်ဖို့အတွက်သာပြင်ဆင်နေခဲ့ရင်း စျာပနခန်းမတစ်ခုမှာ ကျောင်းနေဖက်သူငယ်ချင်းမာတာနဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ မာတာဟာ လုပ်ငန်းခွင်မှာလူတော်တစ်ယောက်ဖြစ်ပေမယ့် ဘဝကို ပေါ့ပေါ့တန်တန်တွေးပြီး ရည်းစားတွေအများကြီးနဲ့ပျော်သလိုသာ နေတတ်သူပါ။ တစ်ရက်မှာတော့ ညီမဖြစ်သူရဲ့ကလေးကြိုဆိုပွဲသွားရင်း သူ့မှာကိုယ်ဝန်ရှိနေတာကို မထင်မှတ်ဘဲသိလိုက်ရပါတယ်။ သူ့စရိုက်နဲ့ကလေးတစ်ယောက်ကိုတာဝန်ယူဖို့မဖြစ်နိုင်တာကြောင့် မာတာဟာ ကလေးကိုဖျက်ချမယ်လို့ဆုံးဖြတ်ထားတုန်းမှာပဲ ရာအူးလ်နဲ့တွေ့ဆုံခဲ့တာပါ။ ရာအူးလ်နဲ့မာတာဟာ ခဏတာသာယာမှု အတွက် ချိန်းတွေ့ကြည့်ခဲ့ကြပေမယ့် တစ်ယောက်ဆီမှာတစ်ယောက် တစ်ဘဝစာလေးနက်မှုတွေရှာတွေ့ကြပုံကို ဟာသနှောကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ File Size –698MB  / 316MB Quality –WEB-DL 1080p HEVC / 720p Episodes -  7 Eps Duration -  39 min Subtitle – Myanmar Hardsub Format – mkv /mp4 Genre :   Drama , Comedy , Romance Translator – July Encoder – Min Wai

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း