ဇာတ်ကားများ ရွေးရန်

Matchday: Inside FC Barcelona

2019ဇာတ်လမ်းတွဲအမှတ် 7.8/10

Matchday: Inside FC Barcelona(2019) အညွှန်း အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး 2019 မှာ ဘာကာရဲ့ line up ကလည်း အထင်ကရတစ်ခုပဲ...ဒီကာလရဲ့ ရင်ခုန်စိတ်လှုပ်ရှားဆုံးပွဲစဉ်တွေကို အဓိက ထားရိုက်ပြထားတာဆိုတော့တခြား Documentary တွေထက် ပိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတယ်.. ကမ္ဘာ့ဘောလုံးစင်မြင့်ထက်မှာတော့ ဘာစီလိုနာဆိုတာ အကောင်းဆုံးဆိုတဲ့ အသင်းတွေထဲကတစ်သင်းဆိုတာဘယ်သူမှစောဒကတက်ကြမယ်မထင်ပါဘူး ... ဘာစီလိုနာနဲ့ ထိပ်တိုက်တွေ့ကြပြီဆိုတာနဲ့ ပြိုင်ဖက်အသင်းတွေကအနည်းငယ်တော့ ဖြုံသွားကြတာပဲမဟုတ်လား... ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခံခဲ့ကြရတဲ့ မာရာဒိုနာရော်နယ်ဒင်ဟို လီယိုမက်ဆီတို့လို ကစားသမားတွေရဲ့ ဂန္တဝင်အဖြစ် မွေးဖွားလာရာအသင်းတစ်သင်းဖြစ်သလို အောင်မြင်မှုတွေကိုလဲ အကြိမ်ကြိမ်ရယူနိုင်ခဲ့တဲ့စပိန်ဘီလူး အသင်းကြီးတစ်သင်းဖြစ်ပါတယ်.... ဒီစီးရီးတိုလေးမှာ ဘာစီလိုနာတို့ရဲ့ 2018-2019 နောက်ပိုင်းဖြတ်သန်းလာရတဲ့ ပွဲကြီးပွဲကောင်းတွေအဝတ်လဲခန်းထဲက စိတ်‌ဓာတ်တွေ အဓိကကစားသမားတွေရဲ့ဘဝနေထိုင်ဖြတ်သန်းပုံတွေဥရောပမှာ အကြီးမားဆုံးဖြစ်တဲ့ ကမ့်နူးကွင်းကြီးရဲ့အရှိန်အဝါတွေ ဘောလုံးလောကမှာပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဆိုတဲ့ ရီးရဲမက်ဒရစ်နဲ့ ကလက်စီကိုပွဲရင်ဆိုင်ရတဲ့အတွေ့အကြုံတွေ ကိုဝေဝေဆာဆာ တင်ပြထားတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဘာစီလိုနာပရိတ်သတ်မဟုတ်ရင်တောင်မှ ကြည့်သင့်တဲ့ စီးရီးဖြစ်ပြီးအခြား Documentary တွေနဲ့မတူပဲကွဲပြားတဲ့ အရသာကို ခံစားရမှာဖြစ်ပါတယ်.... Episodes: 8 File Size:1.1GB, 500MB Quality :Web-DL 1080p,720P Genres: Sport, Documentary Translated by  Pyae Moe Han Encoded by  Phyo Pyae

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း