ဇာတ်ကားများ ရွေးရန်

Family Guy

1999ဇာတ်လမ်းတွဲအမှတ် 7.4/10

" family guy အရယ်ရဆုံးအပိုင်းများ စုစည်းမှု" family guy က လက်ရှိထွက်ထားတာ ၄၂၄ ပိုင်း ရှိပါပြီ။ အကုန်လုံး ထိုင်ကြည့်နေရင်လည်း ဟုန်ပြီး ပျင်းသွားမဲ့အတူတူ အရယ်အရဆုံးအပိုင်းတွေကို သေချာ ရှာပြီးတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းတွေကလည်း အဆက်အစပ် သိပ်မလိုတာကြောင့် အားတဲ့အချိန်တိုင်း ကြည့်ပြီး ခွီလို့ရပါပြီ။ Season တွေ အပြည့် အကုန်မပြန်ထားပဲ ကောင်းတဲ့ Episode တွေလောက်ပဲ ရွေးချယ်တင်ပေးထားပါတယ်။ Family Guy ကိုတော့ မသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်။ အကုန်လုံးမကြည့်ဖူးကြရင်တောင်မှ Reels တွေမှာ Clips တွေမှာ မြင်ဖူးကြမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ ဟာသမင်းသား၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ဖြစ်တဲ့ Seth MacFarlane ရဲ့ ကမ္ဘာကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Reference တွေ၊ Rac!st Jokes တွေ၊ S*xual Jokes တွေတစ်ပုံတစ်ပင်နဲ့ Random Bullsh!t Go! ပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။ တော်တော်လေးရယ်ရတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်သလို တော်တော်လေးလည်း ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ "မင်းက ဒါကို စော်ကားတယ်လို့မြင်တယ် ငါကတော့ ဟာသတစ်ခုလို့ပဲမြင်တယ်။" ဒီဇာတ်လမ်းတွဲကိုကြည့်မယ်ဆိုရင်တော့ အပေါ်ကလူလိုမကြည့်ပါနဲ့၊ အောက်ကလူလိုကြည့်ပါ။ ဘာလို့လည်းဆိုတော့ လူဖြူလူမည်း၊ အာရှ ဥရောပ၊ Straight/Gay မခွဲခြားပဲအားလုံးကို ဟာသလုပ်ထားတာကြောင့်မလို့ပါ။ တစ်ချို့သောဟာသများက ချက်ခြင်းရယ်ရမှာဖြစ်ပြီး၊ တချို့သော ဟာသတွေကတော့ တွေးကြည့်လေရယ်ရလေဖြစ်ပါတယ်။ ဒါတင်မကသေးပဲ Seth MacFarlane ဟာ ဒီဇာတ်လမ်းတွဲကို ရိုက်ကူးရုံ၊ ထုတ်လုပ်ရုံ၊ ဇာတ်ညွှန်းရေးရုံတင်မကပဲ Peter Quagmire Stewie Brian စသဖြင့် ဇာတ်ကောင်တော်တော်များများရဲ့ အသံကိုလည်း ဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲမလို့ ဘဝအမောတွေပြေအောင်ကြည့်လိုက်ကြပါ။ ကျွန်တော်ပြောတဲ့အပေါ်ကလူလိုမျိုးကြည့်ရင်တော့ ဘဝအမောတွေပါစို့သွားမှာဖြစ်လို့ မကြည့်ခင် ကိုယ်ဘယ်လိုလူလဲ သုံးသပ်ပြီးမှကြည့်ပါလို့ အကြံပေးပါတယ်ခင်ဗျာ။ File size…    300 MB Quality… WEB-DL 1080p Format… mp4 Duration…. 25m Genre ..... Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

110 အပိုင်း၊ season 17 season

ဇာတ်လမ်းအကြောင်း