ဇာတ်ကားများ ရွေးရန်

High School King of Savvy

2014ဇာတ်လမ်းတွဲအမှတ် 7.4/10

High School King of Savvy (2014) အပိုင်း (1 မှ 17) စ/ဆုံး သာမန်အထက်တန်းကျောင်းတစ်ခုမှာ သာမန်ကျောင်းသားဘဝလေးနဲ့ ဘဝကို ဖြတ်သန်းနေတဲ့ တက်သစ်စ ဟော်ကီကစားသမား အီမင်ဆော့။ သူဟာ သွေးစပ်တဲ့ မိသားစုဝင်ဆိုလို့ သူနဲ့တစ်ထေရာတည်း ရုပ်ဆင်တဲ့အစ်ကိုတစ်ယောက်ပဲရှိတယ်။ အစ်ကိုဖြစ်သူကတော့ သူနဲ့ ရုပ်သာတူပြီး ဉာဏ်ရည်ချင်းမတူတဲ့အတွက် ဂျာမနီမှာ ပညာတော်သင် ထွက်နေတဲ့ ပညာတတ် ဉာဏ်ကြီးရှင်တစ်ယောက်ပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့  အစ်ကိုဖြစ်သူ အီဟျောင်းဆော့က ကိုရီးယားကို ပြန်လာတဲ့လမ်းမှာ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့ မင်ဆော့ဟာ ဇဝေဇဝါဖြစ်မှုတွေနဲ့အတူ ပျောက်သွားရခြင်း အကြောင်းရင်းကို ရှာနေတဲ့ အချိန်မှာပဲ အစ်ကိုဖြစ်သူထံက ဖုန်းဝင်လာခဲ့တယ်။ “မင်း ငါ့ကိုယ်စား အလုပ်တက်ပေးစမ်းပါ.. နောက်မှ ရှင်းပြပါရစေ.. မင်းမျက်နှာပဲ သွားပြရင်ရပြီ..... ကျန်တာ ငါကြည့်လုပ်ပေးမယ်” တဲ့.. ... အံ့ဩမှင်သက်သွားတဲ့ ကျောင်းသားလေး မင်ဆော့ဟာ ပျောက်ဆုံးနေတဲ့ အစ်ကိုဖြစ်သူရဲ့ ထူးဆန်းတဲ့ တောင်းဆိုချက်ကို စဉ်းစားပြီးနောက် လက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ…. အထက်တန်းကျောင်းသားလေးတစ်ဦးက ကုမ္မဏီကြီးတစ်ခုရဲ့c ရာထူးမြင့် မန်နေဂျာချုပ်အနေနဲ့ ဘယ်လိုဟန်ဆောင်မလဲ.... ဘယ်လို သံယောဇဉ်အသစ်တွေ ငြိတွယ်မလဲ... အစ်ကိုဖြစ်သူ ပျောက်ဆုံးမှုနောက်ကွယ်က လျှို့ဝှက်ချက်ကရော ဘာလဲ… စတဲ့ မေးခွန်းပေါင်းများစွာကို ကြည့်ရှုရင်း အဖြေထုတ်သွားလိုက်ပါဦးနော်။ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ဟာသနှောထားတဲ့အပြင် ပြစ်မျိုးမှဲ့မထင် အဆင်ကြီးတွေဖြစ်တဲ့ မင်းသားဆောအင်ဂု၊ အီဆူဟျော့တို့ ခေါင်းဆောင်ပါဝင်ထားတာမို့ အရမ်းကို ကြည့်ရကောင်းမဲ့ စီးရီးဆိုတာ အာမခံပါတယ်။ (အညွှန်းကိုတော့ Esth မှ ရေးသားထားပါတယ်။) Aired: Jun 16, 2014 - Aug 11, 2014 Aired On: Monday, Tuesday Genres: Comedy, Romance, Drama Episodes: 17 Original Network: tvN Translated by Alice, Phyu Phyu Thein, Phyo, Htoo Pyae & Su Sandi Encoded by Tiff

အပိုင်းများ

17 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 17 အပိုင်း

ဇာတ်လမ်းအကြောင်း