ဇာတ်ကားများ ရွေးရန်

Blue Box

2024ဇာတ်လမ်းတွဲအမှတ် 8.1/10

Blue Box (2024) IMDb Rating (7.9) လူသားတွေအတွက် မဖြစ်မနေရှင်သန်ဖို့ အောက်စီဂျင်လိုတယ်ဆိုရင်… ကျွန်တော့်အတွက် မမ ရှိမှဖြစ်လိမ့်မယ်… အပင်လေးတွေ နေရောင်မြင်ရမှ အသက်ဆက်နိုင်မယ်ဆိုရင်… ကျွန်တော် မမကို မြင်ရမှ ဖြစ်လိ့မ်မယ်… သူများတွေဟာ နေ့သစ်တစ်ရက်ကို ဘယ်လိုအစပြုသလဲ မသိရပေမဲ့ ကျွန်တော်ကတော့ မနက်အရုဏ်လင်းတာနဲ့ အားကစားရုံထဲကိုပြေး အဲဒီမှာ တစ်ချက်ခုန်လိုက်တာနဲ့ ပုခုံးဂုတ်ဝဲနဲ့ ပုံကျနေတဲ့ ဆံနွယ်လေးတွေ၊ ပစ်သွင်းရမယ့် ကျင်းထဲကို အာရုံစိုက်ကြည့်နေတဲ့ ဝိုင်းစက်ရွှန်းလဲ့တဲ့ မျက်လုံး၊ ပစ်လွှတ်လိုက်တဲ့ ဖြူနုသွယ်လျတဲ့ လက်ချောင်းပိုင်ရှင် မမကို တွေ့လိုက်ရမှ နေ့သစ်တစ်ရက်တာ ပြီးပြည့်စုံစေတယ်။ ဟုတ်ပါတယ်… သူဆိုတာ ကျွန်တော့်ထက် တစ်နှစ်ကြီးတဲ့ အထက်တန်း ဒုတိယနှစ် ဘတ်စကတ်ဘောသမား Chinatsu-Senpai ကို ပြောချင်တာ။ ကျွန်တော်က ပထမနှစ် ကြက်တောင်သမား လူသစ်လေးတစ်ယောက်၊ အားကစားရုံနဲ့ အိမ်နဲ့နီးတဲ့အတွက် အရင်ကတည်းက Senpai ကို ကြည့်ပြီး သဘောကျနေခဲ့တဲ့ ကောင်လေးပေါ့။ Senpai ဆိုတာက ဘတ်စကတ်ဘောအသင်းထဲမှာ ထူးချွန်တဲ့အပြင် ရုပ်ရော စိတ်သဘောထားရော လှပကျော့ရှင်းသူ ဖြစ်တဲ့အတွက် လူကြားသူကြား နာမည်ကြီးလှတဲ့ ကြယ်ပွင့်ကလေးတစ်လုံးပါ။ ကျွန်တော့်အတွက်တော့ ခူးဆွတ်ဖို့ဆိုတာက နတ်ပြည်ထိ ဓာတ်လှေကားဆောက်တက်မယ်ဆိုရင်တောင် သိပ်မသေချာတဲ့ အခြေအနေမျိုးပေါ့။ တစ်ရက်အရောက်မှာတော့ မခူးရ မပန်ရရင်နေပါ အလှကြည့်နေရလည်း ကျေနပ်ပါတယ်ဆိုတဲ့ ဘဝလေးကိုမှ ရက်ရက်စက်စက် မုန်တိုင်းပြင်းတစ်ခုက တိုက်စားသွားလေရဲ့… အဲဒါကတော့ သူ မိသားစုနဲ့အတူ နိုင်ငံခြားကို အပြီး ပြောင်းတော့မယ်တဲ့။ ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်ကြေကွဲနေတဲ့အချိန်မှာပဲ ကံကြမ္မာနတ်ဘုရားက သရော်အပြုံးလေးတစ်ချက်နဲ့ မေးရိုးကြီးပါ မြေကြီးအောက်ပုံကျသွားလောက်ရအောင် ကျီစယ်လှည့်စားလိုက်တဲ့အချိန်မှာတော့….။ Sport ရယ် Romance ရယ် ပေါင်းစပ်တင်ပြထားတဲ့ Anime ကောင်းတစ်ခုပါ။ Animation တွေဆိုရင်လည်း Telecom Animation Film အနေနဲ့ နောက်ခံတွေရော လူတွေရော အထူးသဖြင့် မျက်လုံးဆွဲထားတာတွေ တော်တော်ကြီး မိုက်ပါတယ်။ OP တွေ ED တွေကလည်း ဇာတ်သဘောအလိုက် ကောင်းမွန်နေပြန်ရော။ သူက အချစ်ဇာတ်လမ်းဆိုတော့ လူနှစ်ယောက်အကြောင်းတင်မကပဲ သုံးပွင့်ဆိုင်အပြင် တခြားဘေးနားကလူတွေရဲ့အကြောင်းလေးတွေကိုရော ထည့်ထားပေးလို့ ပျင်းနေရမှာကို မဟုတ်ပါဘူး။ ကြည့်ရင်နဲ့တောင် ငါက Team ဘယ်သူဘာညာဆိုပြီး ကွဲပြားသွားနိုင်ပါသေးတယ်။ Anime တို့ ထုံးစံအတိုင်း အားကစားလည်း ပါဝင်နေတဲ့အတွက် မဆုတ်မနစ် ကြိုးစားချင်တဲ့စိတ်တွေနဲ့ ခက်ခက်ခဲခဲ အားစိုက်ထုတ်မှုရဲ့ အသီးအပွင့်တွေ ဘယ်လိုခံစားရကြောင်း၊ အထက်တန်းကျောင်းသူကျောင်းသားတွေ ဖြစ်တဲ့အတွက် အချစ်ရေးနဲ့ ကိုယ့်ဝါသနာတွေကို ဘယ်လိုမျိုး လွန်ဆွဲပြီး ဘယ်အရာကို ဦးစားပေးကြမလဲဆိုတာကို မီးမောင်းထိုးပြ ပညာပေးသလိုပဲ ကြည့်လို့ရကြောင်း၊ လူငယ်သဘာဝ အချစ်ဇာတ်လမ်းလေးတွေကိုလည်း ရင်ခုန်လို့ရစေကြာင်း စသဖြင့်အစုံအလင် ခံစားစီးမျောနိုင်မှာပါ။ Fall season နဲ့ Winter season ရဲ့ အကောင်းဆုံး Romance စီးရီးတစ်ခုလို့ ပြောမယ်ဆိုရင် မလွန်လှဘူးလို့ နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်။) File size…(400 MB) Quality….WEB-DL 1080p Format…. mp4 Genre….Animation,Comedy,Drama Duration….00:25:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Thura Aung

အပိုင်းများ

29 အပိုင်း၊ season 2 season
ပြထားသည် 12 မှ 25 အပိုင်း

ဇာတ်လမ်းအကြောင်း