ဇာတ်ကားများ ရွေးရန်

American Manhunt: O.J. Simpson

2025ဇာတ်လမ်းတွဲအမှတ် 7.6/10

ဒီတစ်ခါမှာတော့ Netflixက ရိုက်ကူးထားတဲ့ ၁၉၉၀ ပြည့်နှစ်အစောပိုင်း အမေရိကားမှာဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်နာမည်ကြီးလူသတ်မှုအကြောင်း မှတ်တမ်းဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ အောင်မြင်တဲ့ရက်ဘီကစားသမားဟောင်းတစ်ယောက်လည်းဖြစ်၊ လူချစ်လူခင်များတဲ့ နာမည်ကြီးမင်းသားတစ်ယောက်လည်းဖြစ်တဲ့ အိုဂျေစင်စန်ဟာ နေ့ချင်းညချင်းပဲ လူနှစ်ယောက်ကိုရက်ရက်စက်စက်သတ်တဲ့ လူသတ်သမားအဖြစ် ပုံဖော်ခံခဲ့ရပါတယ်။ အိုဂျေဟာ သူ့ဇနီးဟောင်း နီကိုးလ်စင်စန်နဲ့ ရွန်ဂိုးမန်းလို့အမည်ရတဲ့ အခြားအမျိုးသားတစ်ယောက်ကို သတ်ဖြတ်မှုနဲ့ စွဲချင်တင်ခံရတာပါ။ လော့အိန်ဂျလိစ်က သူဌေးရပ်ကွက်မှာလည်းဖြစ် ၊ နာမည်ကြီးမင်းသားပတ်သက်နေတဲ့လူသတ်မှုလည်းဖြစ်တော့ ဒီကိစ္စဟာ မီဒီယာတွေမျက်စိကျပြီး အမေရိကားတစ်ခွင်လှုပ်ခတ်သွားပါတယ်။ တစ်ဖက်မှာလည်း အိုဂျေဟာ လူမည်းသရုပ်ဆောင်တစ်ယောက်ဖြစ်တာကြောင့် လူဖြူလူမည်းပြဿနာတွေပါ ပါလာပြီး လူမျိုးရေးဆူပူမှုတွေပါဖြစ်လာပါတယ် ။ ဒီမှုခင်းကို ကိုင်တွယ်ဖြေရှင်းရတဲ့သူတွေဟာ အဖက်ဖက်က ဖိအားတွေအောက်မှာ ကျန်ရစ်သူမိသားစုအတွက်တရားမျှတမှုရရှိဖို့ အမြန်ဆုံးလုပ်ဆောင်ရမှာပါ။ အပိုင်းလေးပိုင်းပါတဲ့ ဒီမှတ်တမ်းဇာတ်လမ်းတွဲမှာဆိုရင် အခင်းဖြစ်ပွားတဲ့အချိန်ကစပြီး တရားခံကိုအမိန့်ချမှတ်တဲ့အထိ စုံစမ်းစစ်ဆေးရေးမှာ နည်းမျိုးစုံနဲ့ပါဝင်ပတ်သက်ခဲ့ရတဲ့ မျက်မြင်သက်သေ ၊ရဲတွေ ၊ မိသားစုဝင်တွေနဲ့ ရှေ့နေတွေကို ရှုထောင့်အမျိုးမျိုးကို စိတ်ဝင်စားစရာကောင်းအောင် မေးမြန်းတင်ဆက်ထားပါတယ်။ ဒီစီး၈ီးမှာဆိုရင် တရားစီရင်ရေးအရှပ်အထွေးတွေအပြင် အမေရိကန်လူမျိုးရေးနဲ့ယဥ်ကျေးမှုအပေါ် သက်ရောက်မှုတွေကိုပါ ကြည့်ရှုခံစားရမှာပါ။ ဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်တွေကို ကြိုက်တဲ့ Channel Myanmar ပရိတ်သတ်တွေအတွက် American Manhunt: O.J. Simpson ကို တင်ဆက်ပေးလိုက်ပါတယ်။ File Size – 1.8 GB (Appx;)@Episode Quality – 1080p WEB DL Duration –1h 15 minute (@Episode) Total Episodes:4Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Documentary ~ Crime Translator – CM Team Encoder – YK

အပိုင်းများ

4 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း