ဇာတ်ကားများ ရွေးရန်

Toilet-Bound Hanako-kun

2020ဇာတ်လမ်းတွဲအမှတ် 8.6/10

Toilet-Bound Hanako-kun (2020-2025) IMDb Rating (7.5) ဒီ anime စီးရီးလေးကတော့ 2020 ခုနှစ်ကထွက်ရှိထားပြီးတော့ လက်ရှိအချိန်အထိ ongoing ဆက်လက်ထွက်ရှိနေဆဲ စီးရီးလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ရှီရိုနဲနဲဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ အချစ်ရေးမှာကံဆိုးနေပြီး ကျောင်းမှာလည်း ကြုံရင်ကြုံသလို body shaming လုပ်ခံနေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့တက်နေတဲ့ကျောင်းကလည်း သာမန်ကျောင်းတစ်ခုမဟုတ်ဘဲ ထူးဆန်းအံ့ဖွယ်တွေနဲ့ပြည့်နှက်နေပါတယ်။ ဒီထူးဆန်းဖွယ်တွေထဲကမှ " သန့်စင်ခန်းထဲကဟာနာကို" ဆိုတဲ့ ဝိဉာဉ်ကတော့ လူသိများတဲ့အံ့ဖွယ်ပေါ့။ ဟာနာကိုသာ သူ့ကိုဆင့်ခေါ်သူတိုင်းကို ဆုတောင်းတစ်ခုဖြည့်ပေးပြီး သူတို့ဆီကနေလည်း တန်ဖိုးရှိတာတစ်ခုခုကိုပြန်ယူတယ်။ ဒီလိုနဲ့ ရက်ရှီရိုသာ အချစ်ရေးမှာ ကံကောင်းစေဖို့ ဟာနာကိုဆီကိုသွားပြီး ဆုတောင်းပြည့်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ လိုချင်တာကိုပဲသိပြီး ပြန်ပေးရမှာကိုမသိတဲ့ ရက်ရှီရိုသာ မမျှော်လင့်ထားတဲ့နောက်ဆက်တွဲတွေကို ကြုံလာရပါတော့တယ်။ File size…(500 MB) Quality….WEB-DL 1080p Format…. mp4 Genre….Action & Adventure,Animation,Comedy,Mystery Duration….00;25;24 Subtitle….Myanmar Subtitle (Hardsub)

အပိုင်းများ

30 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း