ဇာတ်ကားများ ရွေးရန်

Dupahiya

2025ဇာတ်လမ်းတွဲအမှတ် 8.0/10

Dupahiya (2025)"မင်္ဂလာဆိုင်ကယ်" အသစ်ထွက်ထားတဲ့ ဟင်ဒီစကားပြော ကျေးလက်ဟာသ ဝက်ဘ်စီးရီးလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒါဒပူရ်ဆိုတဲ့ ရွာလေးဟာ ၂၄ နှစ်အတွင်း ဘာအမှုအခင်းမှ မဖြစ်ခဲ့တဲ့အတွက် ခရိုင်အတွင်းမှာ စံပြကျေးရွာလေးအဖြစ် သတ်မှတ်ခံထားရပြီး ရာဇဝတ်မှုကင်းစင် ငွေရတုသဘင်ကိုတောင် ကျင်းပဖို့စီစဉ်ထားတဲ့ရွာလေးဖြစ်ပါတယ်။ အဲဒီရွာလေးမှာ နေထိုင်တဲ့ ရိုရှ်နီဆိုတဲ့ကောင်မလေးဟာ အိမ်ထောင်ဖက်တွေ့ရင်း သူ့ကို လာမြန်းတဲ့ ကျေးတောသား သတို့သားထက် သတို့သားရဲ့ ညီဖြစ်သူ ရုံးဝန်ထမ်း မြို့ကြီးသားကိုသဘောကျသွားပါတယ်။ ဒါပေမဲ့ အဲဒီ မြို့ကြီးသားက သူ့ကိုလိုချင်ရင် ဆိုင်ကယ်အကောင်းစားနဲ့ တင်တောင်းရမယ်လို့ပြောတဲ့အတွက် ရိုရှ်နီရဲ့မိဘတွေက ရိုရှ်နီကို အလိုက်ပြီး ရှိသမျှ ခြစ်ကုတ်ကာ ဆိုင်ကယ်အကောင်းစားတစ်စီး ဝယ်လိုက်ကြပါတယ်။ ဒါပေမဲ့ မင်းသားရူးဖြစ်တဲ့ ရိုရှ်နီရဲ့ မောင်ဖြစ်သူဟာ ဆိုင်ကယ်မမောင်းတတ်ပေမဲ့ သူ့မိဘတွေမသိအောင် အဲဒီဆိုင်ကယ်နဲ့ ဂိုက်ပေးဗွီဒီယိုရိုက်ဖို့ကြိုးစားရာကနေ ၂၄ နှစ်လုံး ပြစ်မှုကင်းစင်လာတဲ့ ဒါဒပူရ်ရွာလေးမှာ အလွဲဟာသတွေ ကြုံလာရပုံကို မပျင်းရအောင် ပေါ့ပေါ့ပါးပါး ရိုက်ကူးတင်ဆက်ထားတဲ့ ကျေးလက်ဟာသဇာတ်လမ်းတွဲကောင်းလေးပဲဖြစ်ပါတယ်...။ (ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File Size – (Appx;)@Episode Quality – 1080p WEB DL Duration – minute (@Episode) Total Episodes: 9Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Drama Translator – CM Bollywood Team Encoder – YK

အပိုင်းများ

9 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း