Delicious in Dungeon
IMDB – 8/10, MyAnimeList – 8.6/10 ၂၀၂၄ ခုနှစ်ရဲ့ အကောင်းဆုံး Anime ဆိုပြီး ရိုက်ရှာရင် ဘယ်လိုသတ်မှတ်ချက်မှာနေနေ ဒီဆရာသမားက Top 5 အတွင်း ဝင်ကိုဝင်နေတယ် နောက်ပြီး Rating တွေကိုလည်း ကြည့်လိုက်ဦး။ ဝင်ရအောင် သူက ဘာတွေထူးခြားနေလို့လဲ၊ Dungeon ဝင်တာတွေ Party ဖွဲ့တာတွေ စွန့်စားသူတွေ Isekai တွေဆိုတာ Anime လောကမှာ ကောင်းတာရှားပြီး မှိုလိုပေါက်နေတဲ့ ပေါကား Genre သာသာပေါ့။ ဒါပေမဲ့ ကြည့်လိုက်တော့ ဝိုး… တကယ်ထူးခြားတာဗျို့။ ဆိုတော့ ဇာတ်လမ်းအကျဉ်းလေး ကျွန်တော် အရင်စပြောပြမယ်ဗျာ။ လျှို့ဝှက်နက်နဲပြီး ဆန်းကြယ်တဲ့ မြေအောက် Dungeon ကြီး တစ်ခုထဲမှာ MC တို့ ပါတီတစ်ဖွဲ့ နဂါးတစ်ကောင်ကိုချရင်း မနိုင်လို့ ပြန်ဆုတ်လာကြတယ် ဒါပေမဲ့ MC ရဲ့ ညီမဖြစ်သူကိုတော့ ဟိုနဂါးက စားသွားရော။ အဲဒီမှာ MC ရယ် မှော်ဆရာမလေးတစ်ယောက်ရယ် သော့ဝိဇ္ဇာလေးရယ် ပြန်ဆင်းကယ်ကြမယ်ပေါ့ ဒါပေမဲ့ ခက်တာက တစ်အုပ်လုံးက မွဲနေပြီရယ် စားဖို့သောက်ဖို့တောင် အနိုင်နိုင်။ ဒီတော့ ရိက္ခာမဝယ်တော့ဘူး Dungeon ထဲမှာတွေ့တဲ့ Monster တွေကိုပဲ အဆင်ပြေသလို သတ်စားကြမယ်ဆိုပြီး လူသွားကယ်ရာကနေ ဖြစ်ပေါ်လာတဲ့ စိတ်ကူးယဉ် ဟင်းချက်စွန့်စားခန်းရှည်တစ်ပုဒ်။ အဲဒီမှာ ဆက်ပြောရမယ်ဆိုဗျာ ဒီကောင် ဇာတ်လမ်းတည်ထားတာ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ Dungeon ကြီးကို စူးစမ်းရှာဖွေ့ရင်း တွေ့သမျှအကောင်တွေ ချက်စားတယ်ဆိုပေမဲ့ ဒီ Monster တွေရဲ့ ဇီဝဗေဒဖွဲ့စည်းမှုတွေအပေါ် မူတည်ပြီး ဟင်းချက်စားကြတာတွေတို့ ဒီ Dungeon ကြီးရဲ့ ဂေဟစနစ်ကို တည်ဆောက်ထားတဲ့ပုံတို့ နောက်ပြီး တိုက်ခိုက်ခန်းတွေမှာလည်း အသေကြုံးတာဘာညာမဟုတ်ပဲ ဉာဏ်နဲ့အနိုင်ယူပြီး MC ကြီးရဲ့ Monster ဆို ဘာနေနေ စားမယ်ဝါးမယ်ဆိုတဲ့ ဟာသတွေ တစ်ဖွဲ့လုံးရဲ့ ပေါက်တတ်ကရတွေ Dwarf စားဖိုမှူးကြီးရဲ့ သွားရည်တမြမြဖြစ်စေမယ့် ဟင်းပွဲ Visual တွေ နောက်ပြီး ဒီ ထူးဆန်းတဲ့ Dungeon ကြီးအကြောင်းကိုလည်း တဖြည်းဖြည်း ဆွဲခေါ်တည်ဆောက်သွားပုံတွေက မိုက်လွန်းလို့ ၂၀၂၄ ရဲ့ အကောင်းဆုံး Anime တစ်ခုဖြစ်ပြီး အားလုံးပဲ ကြည့်ရှုအားပေးဖို့ ဖိတ်မန္တကပြုလိုက်ရပါကြောင်း…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Anime Team ဖြစ်ပါတယ်)
အပိုင်းများ
24 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း