ဇာတ်ကားများ ရွေးရန်

Teasing Master Takagi-san

2024ဇာတ်လမ်းတွဲအမှတ် 7.7/10

Teasing Master Takagi-san (2024) IMDb ~~~ 7.8 ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ ဂျပန်ရုပ်သံ TBS ချန်နယ်က ၂၀၂၄ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ "Teasing Master Tagaki-san" " Karakai Jozu no Takagi-san" ဆိုတဲ့ ဂျပန်ကာတွန်းကို စီးရီးအဖြစ် ဖန်တီးတင်ဆက်ထားတဲ့ ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီTeasing Master Takagi-san စီးရီးကို ဇာတ်ကောင်များရဲ့ ၁၀ နှစ်ကျော်ကြာပြီးနောက် လူလတ်ပိုင်းအရွယ်မှာ သူတို ပြန်လည်ဆုံတွေ့ချိန်အကြောင်း ရုပ်ရှင်အနေနဲ့လည်း စိတ်ကြည်နူးဖွယ် ဖန်တီးတင်ဆက်ပေးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း တာခဂိဆိုတဲ့ ကျောင်းသူလေးကတော့ သူငယ်ချင်းတွေကို စနောက်ရတာကို နှစ်သက်သူဖြစ်ပါတယ်။ သူရဲ့စနောက်မှုကို အခံရဆုံးသူက သူရဲ့ဘေးခုံက ကျောင်းနေဖက် ရိုးအလွန်းတဲ့ နီရှီခါတာဖြစ်ပါတယ်။ တာခဂိက နီရှီခါတာအကြောင်းကို ခရေစေ့တွင်းကျ သိနေတာမို တာခဂိကို နီရှီခါတာ လက်တုန့်ပြန်ဖိုဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့လည်း နီရှီခါတာကလည်း သူစနောက်ခံရတိုင်း တေးမှတ်ထားကာ တာခဂိကို လက်တုန့်ပြန်ဖို အမြဲကြံစည်တွေးတောနေခဲ့ပါတယ်။ တာခဂိ က နီရှီခါတာကို မရိုးအောင် ဘယ်လိုတွေ ဆက်ပြီး စနောက်သွားမှာလဲ...နီရှီခါတာ ကရော သူရည်မှန်းသလို တာခဂိကို လက်တုန့်ပြန်စနောက်ခွင့်ရပါ့မလား... အထက်တန်းတက်စ ပရစ်ဖူးအရွယ် ရင်ခုန်သံအကြောင်း စလေ့လာမိစ ဆယ်ကျော်သက်လူငယ်လေးများရဲ့ အရမ်းလှပတဲ့ ကျောင်းတက်ချိန် အမှတ်တရများကို ဒီTeasing Master Tagaki-sanမှာ ကြည်နူးဖွယ် ကြည့်ရှုခံစားလိုက်ကြရအောင်နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Dao Phyoက ရေးသားပေးထားပါတယ်) File Size ~~~370 MB/ 150 MB Quality ~~~WEB-DL 1080p/ 720p Duration~~~25 min Format~~~mp4 Subtitle ~~~Myanmar Subtitle (Hard Sub) Translated by ~~~KIM, Dao Phyo, Mary & Jiyeon Encoded by~~~ Treasure Htet

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း