ဇာတ်ကားများ ရွေးရန်

Fresh off the Sea S3

2026ဇာတ်လမ်းတွဲအမှတ် 8.9/10

Fresh off the Sea Season 3 (2026) အပိုင်းသစ် (1 မှ 12) စ/ဆုံး စိမ်းလန်းစိုပြည်တဲ့ ကျေးလက်ရှုခင်းတွေ ပင်လယ်ပြာပြာကြီးတွေနဲ့အတူ မျက်စိအေးစေမယ့် Healing Show လေး ဖြစ်တဲ့ "Fresh off the Sea" ကတော့ Season 3 ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရင် Season တွေက မင်းသမီးကြီး Yum Jung-ah နဲ့အတူ အားလုံးနဲ့မစိမ်းတဲ့ အရန်မင်းသမီးကြီး Kim Sun-Young, The East Palace ထဲက မင်းသမီးလေး Roh Yoon-Seo နဲ့ Resident Playbook ထဲက မင်းသား Kang You-Seok တို့က အဖွဲ့ဝင်အသစ်တွေအနေနဲ့ ပါဝင်ထားကြပါတယ်။ သူတို့မောင်နှမ ၄ ဦးက တစ်နိုင်ငံလုံးအနှံ့က တံငါရွာတွေ ပင်လယ်ကမ်းခြေရွာတွေဆီ လှည့်ပတ်သွားရောက်ပြီးတော့ ဒေသန္တရလုပ်ငန်းခွင်တွေမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လုပ်ကိုင်ကြမှာပါ။ အပင်ပန်းခံ အားထုတ်လို့ ရလာတဲ့ လုပ်အားခနဲ့ လတ်လတ်ဆတ်ဆတ် ရာသီပေါ် ဟင်းချက်ပစ္စည်းတွေ ဝယ်ယူပြီး ဖွယ်ဖွယ်ရာရာ ဟင်းလျာတွေ ချက်ပြုတ်စားသောက်ကြရင်း တကယ့် မိသားစုသဖွယ် ရင်းနှီးလာကြမယ့် မောင်နှမ ၄ ဦးရဲ့ ပျော်ရွှင်ကြည်နူးစရာ အခိုက်အတန့်တွေကို ဒီအစီအစဉ်လေးမှာ အပတ်စဉ် စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။ Aired: Jul 30, 2026 - ? Aired On: Thursday Genres: Food, Life, Reality Show Episodes: 12 Original Network: tvN

အပိုင်းများ

43 အပိုင်း၊ season 2 season
ပြထားသည် 12 မှ 31 အပိုင်း

ဇာတ်လမ်းအကြောင်း