ဇာတ်ကားများ ရွေးရန်

Good Boy

2025ဇာတ်လမ်းတွဲအမှတ် 8.9/10

Good Boy (2025) အပိုင်းသစ် (1 မှ 16) စ/ဆုံး ပရိသတ်ကြီးတို့ အားလုံးစောင့်မျှော်နေကြတဲ့ ချစ်စရာမင်းသမီးလေး Kim So-Hyun နဲ့ မင်းသားချော Park Bo-Gum တို့ရဲ့ ဇာတ်ကားအသစ်လေးကတော့ ဒီနေ့မှာပဲ ထွက်ရှိလာပါပြီ။ Cast တွေအနေနဲ့ကတော့ အမျိုးသမီးထုကြီးရဲ့ အသည်းကျော် ယန်ဂွမ်ရှစ်ဖြစ်တဲ့ Park Bo-Gum၊ Kim So-Hyun၊ Lee Sang-Yi၊ Heo Sung-Tae တို့အပြင် ပရိသတ်တို့နဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ Yoon Dong-Joo (Park Bo-Gum) က အိုလံပစ် လက်ဝှေ့ ရွှေတံဆိပ်ဆုရ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အခက်အခဲမျိုးစုံနဲ့ တွေ့ကြုံခဲ့ရပြီးနောက် ကစားသမားဘဝအဖြစ်မှ အနားယူပြီးနောက် ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပါတယ်။ Ji Han-Na (Kim So-Hyun) အိုလံပစ်သေနတ်ပစ်သမားတစ်ယောက်ဖြစ်ပြီး ရုပ်ရည်ချောမောလှပတဲ့အတွက် သေနတ်ပစ်နတ်ဘုရားမအဖြစ် နာမည်ပြောင်ရှိသူဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့မှာ လူတိုင်းကို တုန်လှုပ်သွားစေတဲ့မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် သူလည်းပဲ ကစားသမားဘဝမှအနားယူခဲ့ပြီး ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေပါတော့တယ်။ ဒီလိုနဲ့ပဲ ရဲဝန်ထမ်းဖြစ်လာကြတဲ့ အိုလံပစ်ကစားသမားဟောင်း နှစ်ယောက်ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ထဲ ရောက်လာပြီးနောက် တရားမျှတမှုကို ရှာဖွေဖို့ တိုက်ခိုက်ကြတဲ့အခါမှာတော့.... အပတ်စဥ် စနေ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ CM နဲ့အတူ ကြည့်ရှုခံစားပေးပါဦးနော်။ (အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။) Aired: May 31, 2025 - Jul 20, 2025 Aired On: Saturday, Sunday Genres: Action, Comedy, Romance, Sports Episodes: 16 Original Network: jTBC Translated by Eric, Treasure Htet, Phyo, May Thet, Kyoun & Hsu Encoded by Tiff

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း