ဇာတ်ကားများ ရွေးရန်

Stick

2025ဇာတ်လမ်းတွဲအမှတ် 7.2/10

Stick (2025) IMDb: 7.1/10 Apple TV မှာ June 4 ရက်နေ့ကမှအသစ်ထွက်ရှိထားတဲ့ Golf Drama စီးရီးတစ်ခုဖြစ်ပါတယ်။ ဂေါ့ဖ်အားကစားစီးရီးဆိုပေမဲ့လည်း ဂေါ့ဖ်အပြင် လူတွေအတွက် ဘဝမှာဒုတိယ အခွင့်ရေးဆိုတဲ့အဓိပ္ပာယ်၊ နောင်တတွေကြားထဲကနေ မျှော်လင့်ချက် ဘ၀သင်ခန်းစာတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ ရိုက်ကူးတင်ဆက်ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အရင်ကဂေါ့ဖ်မှာ ဆရာတစ်ဆူအဖြစ် နာမည်ကျော်ကြား အောင်မြင်မှုတွေ ရခဲ့ပေမဲ့ နောက်ပိုင်းဘဝကိုဖြစ်သလိုအချိန်ဖြုန်းနေတဲ့ စတစ်ဆိုတဲ့သူက တစ်ရက်မှာ အလာလားအများရှိပြီးတော်တဲ့ တက်သစ်စကောင်လေးကိုတွေ့သွားပါတယ်။ အဲဒီနောက် ကောင်လေးရဲ့နည်းပြလုပ်ဖို့ဆုံးဖြတ်ပြီးတဲ့နောက် စတစ်ဘဝအကြောင်းတွေ သူတို့နှစ်ယောက်ဘယ်လိုပြိုင်ပွဲတွေ ဆက်ပြိုင်သွားမယ်ဆိုတာတွေကို မြက်ခင်းစိမ်းစမ်းပေါ်မှာ မြင်တွေ့ရမှာြဖစ်ပါတယ်။ အတင်းလုပ်ယူမထားတဲ့ ဟာသတွေ၊ ဘ၀ရဲ့ထင်မှတ်မထားတဲ့ တစ်ဆစ်ချိုး အပြောင်းအလဲတွေကို အကောင်းဆုံး မီးမောင်းထိုးဖော်ပြထားတာကြောင့် ဂေါ့ဖ်အားကစား ပရိသတ်တစ်ယောက် မဟုတ်ရင်တောင် သဘောကျမိသွားစေလောက်တာပြီး အတော်လေး လှပတဲ့ ရှုထောင့် ရိုက်ချက်တွေကြောင့် သာမန် ဂေါ့ဖ်အားကစားကိုအခြေခံရိုက်ကူးထားတဲ့ စီးရီးတစ်ခုထက်ကိုပိုပါတယ်။ ဂေါ့ဖ်အကြောင်းနားမလည်ရင်တောင် ကြည့်လို့ကောင်းတာမလို့ sports drama စီးရီးကောင်းကောင်းရှာနေရင်တော့ ဒီစီးရီးညွှန်းပေးချင်ပါတယ်ဗျာ။ File size…    800 MB /  400MB Quality… BluRay 1080p / 720p Format… mp4 Duration…. 45m Genre ..... Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Ko Wunna

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း