ဇာတ်ကားများ ရွေးရန်

TVF Pitchers

2015ဇာတ်လမ်းတွဲအမှတ် 7.6/10

TVF Pitchers (Season 1) -စွန့်စားမှု၏ခရီးစဉ် မနက်၉ ညနေ ၅ အတွင်း ပူပင်သောကတွေ စိတ်ပျက်အားငယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေ့စဉ်ရုံးအလုပ်တွေကနေ ရုန်းထွက်ပြီး ကိုယ်ပိုင်အိပ်မက်တွေကို ဖန်တီးဖို့ ဘယ်လိုလူတွေက ရဲရဲဝံ့ဝံ့ ခြေလှမ်းလှမ်းနိုင်မလဲ TVF ရဲ့ နာမည်ကျော် ဝဘ်စီးရီး "TVF Pitchers" Season 1 က ၂၀၁၅ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး s2 ကလည်း ယခုနှစ်မှာ ထွက်ရှိလာခဲ့ပါပြီ စွန့်ဦးတီထွင်လောကထဲကို ဝင်ရောက်ကြတဲ့ သူငယ်ချင်းလေးယောက်ရဲ့ ရယ်စရာကောင်းတဲ့ စိတ်အားထက်သန်ဖွယ်ရာ ဇာတ်လမ်းကို ပုံဖော်ထားပါတယ် ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့နာဗင်း ဂျီတူ ယိုဂီနဲ့ မန်ဒယ်တို့က သူတို့ရဲ့ ရည်မှန်းချက်တွေအတွက် ပုံမှန်အလုပ်တွေကို စွန့်လွှတ်ပြီး စွန့်စားခန်းအသစ်တစ်ခုကို စတင်လိုက်ကြပါတယ် ဇာတ်လမ်းကတော့ နာဗင်းတစ်ယောက်သူလုပ်ချင်တဲ့ ပရောဂျက်အတွက် အခွင့်အရေးမရတဲ့အခါ ဒေါသတကြီးနဲ့ အလုပ်ကနေ နုတ်ထွက်လိုက်ရာကနေ စတင်တာပါ သူတို့လေးယောက်က "Tu Beer Hai" (မင်းက ဘီယာပါပဲ - "မင်းက ကိုယ်ပိုင်တန်ဖိုးရှိသူ အစွမ်းအစရှိသူပါ") ဆိုတဲ့စိတ်ဓာတ်ကို လက်ကိုင်ထားပြီး ကိုယ်ပိုင် startup တစ်ခု တည်ထောင်ဖို့အတွက် ခရီးစတင်ခဲ့ကြပါတယ် ဒီစီးရီးက startup ဘဝရဲ့ အတက်အကျတွေကို ရိုးသားပွင့်လင်းစွာ တင်ဆက်ထားပြီး ရင်းနှီးမြှုပ်နှံသူတွေ ရှာဖွေရတာ ကုမ္ပဏီတည်ထောင်ရတာ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ရတာ စတဲ့ အခက်အခဲပေါင်းစုံကို ဟာသနဲ့ ဒရာမာအချိုးကျ ပေါင်းစပ်ပြီး ပုံဖော်ထားပါတယ် သူငယ်ချင်းတွေကြားက ခိုင်မာတဲ့ ခင်မင်မှု အပြန်အလှန် အားပေးမှုတွေ အိပ်မက်တွေအတွက် အတူတကွ ရုန်းကန်ကြိုးစားမှုတွေက ကြည့်ရှုသူတွေကို စိတ်ဓာတ်ခွန်အားတွေ အများကြီး ပေးပါလိမ့်မယ် အိန္ဒိယ startup လောကရဲ့ အမှန်တရားကို လက်တွေ့ဆန်ဆန် ဖော်ပြထားရုံသာမကလူငယ်တွေရဲ့ ရည်မှန်းချက် စိန်ခေါ်မှုတွေနဲ့ စွန့်ဦးတီထွင်စိတ်ဓာတ်တွေကိုပါ ထင်ဟပ်ပြသနေပါတယ် Startup တစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူတိုင်း ကြည့်ရှုသင့်တဲ့ စီးရီးကောင်းလေးတစ်ခုဖြစ်ပါကြောင်းညွှန်းဆို တင်ဆက်ပေးလိုက်ရပါတယ် ( အညွှန်းကိုတော့ Yunni က ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File Size – 700 MB (Appx;)@Episode Quality – 1080p WEB DL Duration – 45minute (@Episode) Total Episodes: 5Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy~Drama Translator – CM Bollywood Team Encoder – YK

အပိုင်းများ

10 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း