ဇာတ်ကားများ ရွေးရန်

Wok of Love

2018ဇာတ်လမ်းတွဲအမှတ် 7.9/10

Wok of Love (2018) အပိုင်း (၁ မှ ၁၉) စ/ဆုံး King the land ထဲမှမင်းသား Lee Joon-Ho, Bloody Heart ထဲမှ မင်းသား Jang Hyuk နဲ့ The Midnight Romance in Hagwon ထဲက မမ Jung Ryeo-Won တို့ သုံးယောက်က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး အခြားသော နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်ထားကြတဲ့ ၂၀၁၈ ခုနှစ်ထွက် Romance Drama လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း Seo Poong(Lee Joon-Ho) ဟာ အရည်အချင်းရှိလှတဲ့ စားဖို့မှူးတစ်ဦးဖြစ်ပြီး နာမည်ကြီး ဟိုတယ်က တရုတ်စားသောက်ဆိုင်တစ်ခုမှာ စားဖို့မှူးအဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ စေ့စပ်ထားတဲ့သတို့သမီးဟာ သူတို့ဟိုတယ်ရဲ့ ကိုယ်စားလှယ်စီအီးအိုနဲ့ဖောက်ပြန်သွားပြီးတဲ့နောက် လက်စားချေမယ်ဆိုတဲ့စိတ်ကူးနဲ့ စားသောက်ဆိုင်ကနေ အလုပ်ထွက်ကာ မျက်နှာချင်းဆိုင်မှာရှိတဲ့ တရုတ်စားသောက်ဆိုင်လေးမှာ ဝင်ရောက်လုပ်ကိုင်ဖို့ဖြစ်လာပါတော့တယ်။ Wok of love လို့ အမည်ရတဲ့တရုတ်စားသောက်ဆိုင်လေးဟာ အရင်က ငွေတိုးချေးစားသူ Doo Chil-Seong(Jang Hyuk) ရဲ့လက်ထဲမှာ စားသုံးသူတွေမရှိလို့ စီးပွားရေးရပ်သွားရတဲ့ဆိုင်လေးပေါ့။ အဲဒီဆိုင်လေးကို Seo Poong တစ်ယောက်ဟာ သူ့ရဲ့ တတ်ကျွမ်းထူးချွန်တဲ့ ဟင်းချက်အရည်အချင်းနဲ့ ပြန်လည်အဖက်ဆယ်ပြီးတဲ့နောက်မှာ တရုတ်စားသောက်ဆိုင်လေးကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း Dan Sae-Woo(Jung Ryeo-Won) ဆိုတဲ့မိန်းမငယ်လေးဟာ ချမ်းသာတဲ့မိသားစုမှ ဖြစ်သော်ငြား လက်ထပ်ပွဲနေ့မှာ အဖေဖြစ်သူ အဖမ်းခံလိုက်ရကာ လက်ထပ်ပွဲပျက်သွားပြီး အခုချိန်မှာတော့ အထည်ကြီးပျက်ဖြစ်နေရသူပေါ့။ သူမဟာလည်း သူမကို မြင်မြင်ချင်းချစ်မိသွားတဲ့ Doo Chil-Seong ရဲ့ ကျေးဇူးကြောင့် Seo Poong ဖွင့်လှစ်ထားတဲ့ တရုတ်စားသောက်ဆိုင်လေးမှာ အလုပ်လုပ်ဖို့ ဖြစ်လာရင်း ဘယ်လို သုံးပွင့်ဆိုင် love line လေးတွေ ပေါ်လာမလဲ .... စားဖို့မှူး Seo Poong ရဲ့ အချစ်နဲ့ ဟင်းလျာတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ပါဦးနော် .. ။ (အညွှန်းကို Yati Naing မှ ရေးသားပေးထားပါတယ်) Episodes: 19 Aired: May 7, 2018 - Jul 17, 2018 Aired On: Monday, Tuesday Original Network: SBS Genres: Food, Comedy, Romance, Drama Translated by Hazelle, Yati Naing, Miri, Yuki, Hsu Pyae, May Thet & Kyoun Encoded by AHtet

အပိုင်းများ

19 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 19 အပိုင်း

ဇာတ်လမ်းအကြောင်း