ဇာတ်ကားများ ရွေးရန်

Leanne

2025ဇာတ်လမ်းတွဲအမှတ် 10.0/10

Leanne (2025) IMDB: 7.1 Rotten Tomatoes: 71% Genre: Sitcom Leanne (2025) ကတော့ Big Bang Theory Creator ရဲ့ 2025 ထွက် Netflix ရဲ့ Sitcom Series တစ်ခုဖြစ်ပါတယ်။ Situation Comedy ဆိုတဲ့အတိုင်း ဖြစ်ပျက်နေတဲ့အရာတွေပေါ်အခြေခံပြီး ကြည့်ရှုသူက လိုက်ခံစားရမှာဖြစ်ပါတယ်။ Sitcom တွေရှားပါးလာတဲ့အချိန်မှာ ဒီလိုမျိုး Punchline တွေအများကြီးနဲ့ tcom မျိုး မမြင်ရတာကြာပါပြီ။ စစချင်းမှာတော့ နည်းနည်းတမျိုးဖြစ်နေပေမဲ့ တစ်ပိုင်းလောက်ပြီးရင် တော်တော်လေးလည်းရယ်ရ သဘောကျစရာကောင်းတဲ့ Series ဆိုတာ မြင်လာရမှာပါ။ တစ်ပိုင်းကိုလည်း Runtime ခဏလေးမလို့ မိသားစုနှင့်အတူတူကြည့်လို့ရသလို တစ်ယောက်တည်းလည်းခွီလို့ရပါတယ်။ ဇာတ်ညွှန်း လီအန်းဆိုတာက လတ်တလောမှ Single-Grandmother ဖြစ်သွားတဲ့အိမ်ထောင်ရှင်မတစ်ယောက်။ Single Mother ထက်တဆင့်မြင့်တဲ့ Single-Grandmother မှညီမတစ်ယောက်ရှိတယ်။ သူ့နာမည်က ကာရိုးလ်။ ကာရိုးလ်ကအတွေ့အကြုံတော့ရှိတယ်။ အချစ်မှာတော့မဟုတ်ဘူး အိမ်ထောင်ကွဲတဲ့နေရာမှာ။ လီအန်းမှာ တိုင်လာဆိုတဲ့သားတစ်ယောက်နဲ့ ဂျိုစီဆိုတဲ့သမီးတစ်ယောက်ရှိတယ်။ ယောကျ်ားလေးနဲ့မိန်းကလေး နေရာလွဲမွေးလာတဲ့ တိုင်လာက လိမ္မာသလောက် ဂျိုစီက ခပ်ကဲကဲ။ တိုင်လာမှာက ဘေလ်ဂျူနီယာဆိုတဲ့သားတစ်ယောက်ရှိတယ်။ သူ့အဘိုးဘေလ်ကို အမှီပြုပြီးပေးထားတဲ့နာမည်။ စီးရီးစ်အစကို ဘေလ်ဆိုတဲ့နာမည် မူးတောင်မကြားချင်ဘူးဆိုတဲ့ လီအန်းတို့ညီအစ်မနှစ်ယောက်ဟာ ဘေလိဂျူနီယာကိုနာမည် ပြောင်းဖို့ကြိုးစားပါတယ်။ ဒီလိုနဲ့ ပေါက်ရပေါင်းသောင်းခြောက်ထောင်နဲ့ မိသားစုလေး ဘယ်လိုဟာသတွေနဲ့ကြုံရမလဲဆိုတာခံစားကြည့်လိုက်ကြပါခင်ဗျာ။ File size…    407 MB /  159 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 20m Genre ..... Comedy/Sitcom Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by CM Team

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း