ဇာတ်ကားများ ရွေးရန်

The Sandy Effect

2025ဇာတ်လမ်းတွဲ

"မီးအိမ်ရှင်မလေး ဆန်ဒီ" "ဆန်ဒီ"ဆိုတဲ့​ကောင်မ​လေးတစ်​ယောက်ဟာ စာအရမ်း​တော်ပြီးထက်မြက်တဲ့က​လေးတစ်​ယောက်ဖြစ်ပါတယ်။ ဒါ​ပေမဲ့ က​လေးများ​နေ့အခမ်းအနားဆုပေးပွဲတစ်ခုမှာ​တော့ စိတ်မ​ကောင်းစရာအဖြစ်အပျက်နဲ့ကြုံ​တွေ့ခဲ့ရပါတယ်။ ​ ကျွန်းတစ်ခုလုံးရဲ့အချစ်​တော်ဖြစ်တဲ့ဆရာထာ​ဝေါဟာ ဆန်ဒီကို ​မူးယစ်ဆေး​ကြောင်​နေတဲ့နိုင်ငံခြားသားလက်ထဲက ကယ်တင်ရင်း အသက်​ပေးခဲ့ရပါတယ်။ စိတ်မ​​ကောင်းစွာနဲ့ပဲ ​မူးယစ်ဆေး​ရောင်းတဲ့သူက "ဆန်ဒီရဲ့ဖခင်ကို​ခေ့မ်"ဖြစ်​နေပြီး ​ထောင်ကျသွားခဲ့ပါတယ်။ ​ နောက်​တော့ "ဆန်ဒီ"ဟာ အ​မေဖြစ်သူရှိတဲ့နိုင်ငံခြားကို ထွက်သွားခဲ့ပါတယ်။ ငယ်ဘဝရဲ့အ​ကြောင်းအရာ​တွေကို ​​​လူ​တွေမသိ​စေချင်တာ​ကြောင့် "ဆန်ဒိ"လိုနာမည်​ပြောင်းလဲပြီး နိုင်ငံခြားမှာဘွဲ့ရတဲ့အထိ​နေခဲ့ပြီး ငယ်ငယ်တုန်းကသူ့ရဲ့အသက်ကိုကယ်တင်​ပေးခဲ့တဲ့ ဆရာထာ​ဝေါနဲ့ပြုစု​စောင့်​ရှောက်​​ပေးခဲ့တဲ့ ဆရာမဒရင်ကျိုင်တို့ကို ​ကျေးဇူးဆပ်ချင်တာ​ကြောင့် ​မွေးရပ်​မြေကျွန်း​လေး​ပေါ်ကိုပြန်လာပြီးတော့ ​ငယ်ငယ်ကသူ​နေခဲ့တဲ့​ကျောင်းမှာ စေတနာ့ဝန်ထမ်းဆရာမအဖြစ် အလုပ်ဝင်လုပ်ပါ​တော့တယ်။ ဒီ​တော့နိုင်ငံခြားပြန်"ဆန်ဒီ"တစ်​ယောက် ကျွန်း​ပေါ်မှာ​နေပြီး သူမရဲ့ရည်မှန်းချက်ကို ဖြစ်​မြောက်​အောင်လုပ်နိုင်ပါ့မလား.................... သူမရဲ့ငယ်ဘဝအတိတ်​တွေကို​ လူ​တွေမှတ်မိသွားနိုင်မလား........... ပြီး​တော့ ငယ်ငယ်တည်းက"ဆန်ဒီ"နဲ့အတူတူ​ဆော့ကစားခဲ့တဲ့ "အစ်ကိုဒဲန်" က​​ရော "ဆန်ဒီ"ကိုပြန်မှတ်မိပါ့မလား..... သူတို့နှစ်​ယောက်ရဲ့ကြည်နူးစရာ အချစ်ဇာတ်လမ်း​လေး​တွေအပြင် ခက်ခဲတဲ့ကျွန်း​ပေါ်က, က​လေး​တွေရဲ့ဘဝ၊ ကျွန်း​ပေါ်ကလူ​​နေမှုပုံရိပ်​တွေအပြင် ဆရာ/ဆရာမ​တွေရဲ့​စေတနာကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်ရှင် File size…(1 GB)/( 538 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:55:00 Genre... Comedy , Drama Subtitle….Myanmar Subtitle (Hardsub)

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း