ဇာတ်ကားများ ရွေးရန်

Do You Wanna Partner

2025ဇာတ်လမ်းတွဲအမှတ် 7.3/10

Do You Wanna Partner (2025) (စီးပွါးဖက် လုပ်ကြစို့) Season1 ဒီတစ်ခါ တင်ဆက်ပေးချင်ကတော့စီးရီးဆိုပေမယ့် A-list မင်းသမီးနှစ်ဦးဖြစ်တဲ့ Cocktail ဇာတ်ကားနဲ့လူသိများကြမယ့် ဒိုင်ယာနာပန်တီ ၊ တောင်ပိုင်းလောကမှာ မသိသူမရှိတဲ့နောက်ပေါက်မင်းသမီး လှပျိုဖြူလေး သမန်းနားတို့ ကိုယ်တိုင်ပါဝင်ထားသရုပ်ဆောင်ထားတဲ့Amazon Prime စီးရီးလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ယောက်ျားမိန်းမ မရွေး အားလုံးက ချစ်ကြတဲ့ ကျွန်တော်တိုရဲ့ မိတ်ဆွေကြီး ဘီယာအကြောင်းပါပဲ။ မှန်ပါတယ် ပညာတတ်ကောင်မလေးနှစ်ယောက် ကော်ပိုရိတ်လောကကို စိတ်ကုန်ပြီး ကိုယ်တိုင်လဲကြိုက် ဝါသနာလည်းပါ ဖခင်ရဲ့အမွေလည်းဖြစ်တဲ့ ဘီယာချက်လုပ်ငန်းထဲကို ခြေစုံပစ်ဝင်က ဘီယာကုမ္ပဏီတည်ထောင်ကြမယ့် အကြောင်းလေးပါပဲ။ ယောကျ်ားတွေပဲ ကြီးစိုးထားတဲ့စီးပွါးရေးလုပ်ငန်းတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် မိုက်မိုက်ကန်းကန်းပဲ ဘီယာချက်လုပ်ငန်းကြီးကို စတင်လိုက်တဲ့အခါမှာတော့…. ပြောချင်တာကတော့ သင်သာယောကျာ်းသားဆိုရင် ဘီယာချက်တာတွေထိုင်ကြည့်ရမယ် စော်လန်းလန်းလေးနှစ်ယောက်ရဲ့ ချစ်စရာ သရုပ်ဆောင်မှုတွေကို အားပေးရမယ်။မိန်းကလေးဆိုရင်လည်း စိတ်မပူပါနဲ့ အခက်အခဲကြားက ရုန်းကန်ရင်း မိန်းကလေးနှစ်ယောက်ဦးဆောင်ပြီး ဘီယာကုမ္ပဏီထောင်ကြတဲ့ ဟာသဒရမ်မာလေးမို့ မိန်းကလေးတွေကို မိုတီပေးတာ ရှယ်ထိုင်ယူလိုရပါတယ်။ ဒီလိုအဘက်ဘက်က ပြည့်စုံနေတဲ့ စီးရီးကြီးကိုပရိသတ်ကြီးတို့ အဝခံစားနိုင်ဖို့ ကြိုးစားဘာသာပြန်တင်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ File Size –700 MB (Appx;)@Episode Quality – 1080p WEB DL Duration –40minute (@Episode) Total Episodes:8Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Drama

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း