ဇာတ်ကားများ ရွေးရန်

The Chair Company

2025ဇာတ်လမ်းတွဲအမှတ် 7.9/10

The Chair Company (2025) Season 01 (စ/ဆုံး) ဝီလီယံ ရော်နယ် ထရိုစ်ပါ (ရွန်) ဆိုတဲ့လူက အိုဟိုင်းအို၊ ကန်တန်မြို့ထဲမှာ အသစ်ဆောက်လုပ်မယ့် ရှော့ပင်းမောလ်ကြီးကို တာဝန်ယူဖို့အတွက် လောလောလတ်လတ် ရာထူးတိုးလာသူ တစ်ဦးပါ။ ရာထူးတိုးတာက မကြာသေးတဲ့အပြင် ပရောဂျက်အသစ်ကြီးကို အခုမှစကိုင်ရမှာဆိုတော့ ရင်တုန်ပန်းတုန်နဲ့ အကုန်လုံးကို စိတ်ပူနေတာပေါ့။ သူ့ရဲ့ စိတ်အခံကိုကလည်း စိုးရိမ်ပူပန်စိတ်ကြီးတတ်တာ ပါမယ်။ စိုးရိမ်စိတ်ကြီးတတ်ပါတယ်ဆိုမှ တလွဲက ဖြစ်လိုက်သေးတယ်။ သူတို့ ပရောဂျက်စတင်ကြောင်းနဲ့ သူ့ကိုယ်သူ ပရောဂျက်မန်နေဂျာပါလို့ မိတ်ဆက်တဲ့ပွဲမှာ မိန့်ခွန်းပြောအပြီး သူ့ထိုင်ခုံရှိရာကို ပြန်အလာ၊ ထိုင်ခုံပေါ် ထိုင်ချလိုက်ချိန်မှာ ထိုင်ခုံကြီးက ဝုန်းခနဲ ကျိုးကျသွားတာ သူက ဖ-င်ထိုင်လျက်သားတောင် မဟုတ်ဘူး၊ ပက်လက်ကြီး ဖြစ်သွားတာ။ သူ့ဘော့စ်တွေ၊ ဝန်ထမ်းတွေကလည်း အများကြီးပေါ့။ တော်တော်ကိုရှက်ဖွယ်လိလိဖြစ်သွားတာ။ သူ့ခမျာ ချက်ချင်းတောင် ပြန်မထနိုင်ဘူး၊ ပက်လက်ကြီးနဲ့ အချိန်တော်တော်ကြာတယ်၊ အိုးတိုးအမ်းတမ်း ဖြစ်သွားတာ။ အဲဒီအချိန်ကစလို့ သူက ထိုင်ခုံထုတ်လုပ်တဲ့ကုမ္ပဏီကို မကျေမနပ်တွေ ဖြစ်ပြီး သူ့ရဲ့ အလုပ်တာဝန်တွေ လစ်ဟင်းတဲ့အထိ ထုတ်လုပ်သူကို ဆက်သွယ်ဖို့ အသည်းအသန်တွေ ကြိုးစားတော့တာပဲ။ ဒါပေမဲ့ ထိုင်ခုံကုမ္ပဏီကို ဘယ်လိုဆက်သွယ် ဆက်သွယ်၊ တကယ်မတည်ရှိတဲ့ ကုမ္ပဏီကြီးတစ်ခုလို ဖြစ်နေတာကတော့ ဆန်းကြယ်တဲ့ကိစ္စတစ်ခုပါပဲ။ ရွန်နေရာမှာ ဟာသသရုပ်ဆောင် Tim Robinson ကပါဝင်ထားပြီး Comedy/ Thriller စီးရီးအမျိုးအစားဖြစ်ကာ အပိုင်း (၈)ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။ File size… (850 MB) / (300 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 35mins Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း