Fire Force
Fire Force Season 1 IMDB – 7.6/10, MyAnimeList – 7.7/10 နောက်ပိုင်းလက်သစ် Shounen Anime တွေထဲ JJK တို့ MHA တို့ Kimetsu no Yaiba တို့လိုမျိုး အမိုက်စားတစ်ကောင် ရှိပါသေးတယ် အဲဒါကတော့ ဒီ Fire Force (Enen no Shouboutai) ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ် ဖွဲ့စည်းမှုကောင်းတယ် Animation လည်း ကြမ်းတယ် ပါဝါဘာညာတွေကလည်း ပုံမှန် နတ်ဆိုးတွေ မကောင်းဆိုးရွားတွေမဟုတ်တော့ပဲ လူတွေအလိုအလျောက် မီးလောင်ပြီး ငရဲမီးနတ်ဆိုး (Infernal) ဆိုတာ ဖြစ်သွားတာကို မီးသတ်သမားပုံစံနဲ့ တိုက်ခိုက်ငြိမ်းသတ် ဖြေရှင်းရတာမျိုး။ Animation ကလည်း ကြမ်းဆို Jo Jo Series တွေကို ကိုင်ပေးလာတဲ့ David Production ဖြစ်နေပြန်သေးတယ်ဗျာ။ ဒီတော့ မီးပါဝါတွေနဲ့ ချကြတဲ့ အက်ရှင်ခန်းတွေက ကြွနေရော။ ကဲ ဒီတော့ ဇာတ်လမ်းအကျဉ်းချုပ်လေး ရှင်းပြမယ်။ သူတို့တည်ထားတဲ့ကမ္ဘာမှာ လူတွေက တစ်ခါတလေ အလိုအလျောက် မီးထထလောင်ပြီး ငရဲမီးနတ်ဆိုး (Infernal) ဆိုတာတွေ ဖြစ်သွားတတ်တယ်။ အသိစိတ်မဲ့ပြီး တွေ့ရာတိုက်ခိုက်ကြတာပေါ့။ အဲဒါကို ရိုးရိုးမီးသတ်မဟုတ်ပဲ မီးသတ်စစ်သားဆိုတဲ့အဖွဲ့တွေက လိုက်ပြီး သရဲအပနှင်ပေးသလိုမျိုး ဖြေရှင်းပေးရတာ။ ဒီမှာ မီးပါဝါနဲ့ ပတ်သက်ပြီး သူက မျိုးဆက် ၃ မျိုး ခွဲသွားတယ်။ ပထမမျိုးဆက်က အသိစိတ်လွတ်ပြီး ငရဲမီးနတ်ဆိုး (Infernal) ဖြစ်သွားတယ် ဒုတိယမျိုးဆက်ကျ ရှိနေပြီးသား မီးတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ် ဒါပေမဲ့ နောက်ဆုံး တတိယမျိုးဆက်ကျ ကိုယ်ပိုင်မီးကို ဖန်တီးသုံးစွဲနိုင်တဲ့သူတွေပေါ့။ MC ဖြစ်တဲ့ Shinra က တတိယမျိုးဆက်ကောင် ခြေထောက်ကနေ မီးထုတ်ပြီး ပျံသွားလို့လည်းရ တိုက်ခိုက်လို့လည်းရတဲ့ကောင်မျိုး။ ဇာတ်လမ်းအရ ဒီကောင်က မီးသတ်စခန်း အမှတ် (၈) ကို ဌာနပြောင်းနဲ့ ရောက်လာတယ် ငရဲမီးနတ်ဆိုးတွေကို နှိမ်နှင်းရင်း ဒီ လူသားလောင်ကျွမ်းမှုတွေက သာမန်ရိုးရိုးမဟုတ်ပဲ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေရှိတာကို ဌာနကလူတွေနဲ့ ဖော်ထုတ်ကြတာကို ကြည့်ရမယ် နောက်ပြီး သူ့ ငယ်ဘဝဖြစ်ရပ်ဆိုးရဲ့နောက်ကွယ်က ပဟေဠိဆန်ဆန် အဖြေတစ်ခုကိုလည်း ဘယ်လိုရှာဖွေသွားမလဲဆိုတာ Shounen Anime တွေ ထုံးစံအတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် တစ်ပိုင်းပြီးတစ်ပိုင်း မနားရအောင် ကြည့်သွားရစေဖို့ တင်ဆက်ပေးလိုက်ပါပြီဗျာ…။
အပိုင်းများ
73 အပိုင်း၊ season 3 seasonဇာတ်လမ်းအကြောင်း