Young Millionaires
ပြင်သစ်ဒရာမာ-ဟာသဇာတ်လမ်းတွဲဖြစ်တဲ့ "Young Millionaires" (၂၀၂၅) ဟာ ရုတ်တရက်ဆိုသလို ဘဝပြောင်းလဲသွားတဲ့ လူငယ်လေးယောက်ရဲ့ ဇာတ်လမ်းကို Season 1 , Episode 8 ပိုင်းနဲ့ စိတ်ဝင်စားဖွယ် ရိုက်ကူး တင်ဆက်ထားပါတယ်။ ဒါရိုက်တာ Igor Gotesman ရဲ့ လက်ရာဖြစ်တဲ့ ဒီ Netflix ဇာတ်လမ်းတွဲဟာ လူငယ်၊ ယဉ်ကျေးမှုနဲ့ ငွေကြေးရဲ့ သက်ရောက်မှုတွေကို ထိထိမိမိ ပုံဖော်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ၊ မာဆေးလ် (Marseille) မြို့က ဆယ်ကျော်သက် သူငယ်ချင်းလေးယောက်ဖြစ်တဲ့ David, Jess, Samia, နဲ့ Léo တို့ဟာ ဒေသတွင်း ထီပေါက်ပြီး ယူရို ၁၇ သန်း (€17 million) ကို ရရှိခဲ့ကြတယ်။ ရုတ်တရက် ရလာတဲ့ ဒီငွေကြေးကြောင့် ရွက်လှေတွေ၊ လွတ်လပ်မှုတွေနဲ့ ငွေအမြောက်အမြားသုံးစွဲရမယ့် အိပ်မက်တွေ စတင်အကောင်အထည် ပေါ်လာခဲ့ကြတယ်။ သို့သော်လည်း သူတို့လိုချင်တဲ့ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုအစား၊ ငွေကြောင့် ဖြစ်လာတဲ့ ရှုပ်ထွေးမှု၊ အချစ်ရေးနဲ့ သူငယ်ချင်းဆက်ဆံရေးတွေ ပြိုကွဲမှုစတဲ့ မလိုလားအပ်တဲ့ ကမောက်ကမတွေ နဲ့ ရင်ဆိုင်ရပုံကို စိတ်ဝင်စားဖွယ် ဖော်ပြထားပါတယ်။ ငွေကြေးအမြောက်အမြား ရုတ်တရက်ပိုင်ဆိုင်ရခြင်းရဲ့ ကောင်းကျိုးထက် ဆိုးကျိုးတွေကို ပိုမိုလက်တွေ့ကျကျ ဖော်ပြထားပြီး လူငယ်လေးတွေဟာ ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲ၊ မိသားစုနဲ့ ဘယ်လို ခွဲဝေသုံးစွဲရမလဲဆိုတဲ့ ဖိအားတွေနဲ့ လွတ်မြောက်အောင် ရုန်းကန်ေနရပုံေတွကို တစ်ပိုင်းပြီးတစ်ပိုင်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း စိတ်ကူးတစ်ခုကနေ ရင်ခုန်စရာ၊ သင်ခန်းစာယူစရာ ဒရာမာတစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်တာကြောင့် ကြည့်ရှုကြဖို့ မမေ့နဲ့နော်။ File size…(713 MB)/(364 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း