ဇာတ်ကားများ ရွေးရန်

Don't Call Me Ma'am

2025ဇာတ်လမ်းတွဲအမှတ် 8.5/10

Don't Call Me Ma'am (2025) // There's No Next Life (2025) အပိုင်း (၁ မှ ၁၂) စ/ဆုံး အခုတစ်ခေါက်မှာတော့ Tomorrow က မင်းသမီး Kim Hee Sun , ဂျူမုံကားထဲက မင်းသမီး Han Hye Jin , Family Matters ထဲက မင်းသမီး Jin Seo Tun တို့ အဓိကပါဝင်ထားပြီး Yoon Park, Heo Jun Seok, Jang In Sub တို့ ပါဝင်တဲ့ ဟာသဒရမ်မာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း Jo Na Jeong (Kim Hee Seon) ကတော့ တစ်ချိန်တုန်း ဝမ်သန်းပေါင်းများစွာ ရှာဖွေနိုင်ခဲ့တဲ့ ဟုမ်းရှော့ပင်း အစီစဉ်တင်ဆက်သူတစ်ဦးဖြစ်ပါတယ် ။ သူမဟာ အိမ်ထောင်ပြုပြီးနောက်မှာတော့ အိမ်ထောင်ရှင်မတို့ရဲ့ ထုံးစံအတိုင်း ကိုယ့် career ကို လက်လွှတ်ပြီး အိမ်ထောင်တာဝန်ကိုပဲ ထိန်းသိမ်းရင်း သားသမီးတွေကို ပြုစုပျိုးထောင်နေရပါတော့တယ်။ Ku Ju Young (Han Hye Jin) ကတော့ အနုပညာစင်တာမှာ အဖွဲ့မှူးဖြစ်ပြီး မိသားစုဘဝမှာရော အလုပ်မှာပါ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ လိင်မှုကိစ္စအပေါ် စိတ်မဝင်စားတဲ့ ခင်ပွန်းနဲ့ ကလေးယူဖို့အတွက် ကြိုးစားရင်း စိတ်ပင်ပန်းနေရသူတစ်ယောက်ပါ။ Lee II Li (Jin Seo Yeon) ကတော့ ဖက်ရှင်မဂ္ဂဇင်းရဲ့ လက်ထောက်အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်နေတဲ့ single တစ်ယောက်ဖြစ်ပြီး အိမ်ထောင်ပြုဖို့အတွက် စိတ်ကူးအိပ်မက်ရှိပေမဲ့လည်း အခုထိတော့ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ ဒီကားလေးကတော့ အမျိုးမျိုးသော မိသားစုကိစ္စ အလုပ်ကိစ္စတွေနဲ့ ခြေကုန်လက်ပန်းကျနေတဲ့ အသက် ၄၁ နှစ် အရွယ် အမျိုးသမီး ၃ ဦးက ဘဝရဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်မဲ့ပုံစံလေးကို ဟာသလေးနှောပြီး ရိုက်ကူးထားတာဖြစ်လို့ လက်တွေ့လည်း ဆန်ပြီး .. ပေါ့ပေါ့ပါးပါး ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုချင်ပါတယ်။ Episodes: 12 Aired: Nov 10, 2025 - Dec 16, 2025 Aired On: Monday, Tuesday Original Network: TV Chosun Genres: Comedy, Life, Drama

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း