The Bad Guys: Breaking In
The Bad Guys: Breaking In (2025) The Bad Guys Animation ရုပ်ရှင်ကို ၂၀၂၂ ခုနှစ်မှာ Shrek တို့ How to Train Your Dragon တို့ Madagascar တို့ကို ဖန်တီးပေးခဲ့တဲ့ DreamWorks Animation ကပဲ ဖန်တီးပေးခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့အတွက် ဒီ ၂၀၂၅ ခုနှစ်ထဲမှာလည်း The Bad Guys 2 ထွက်ခဲ့ပါသေးတယ်။ အခုတော့ အဲဒါနဲ့တင် အားမရတော့ပဲ ၉ ပိုင်းပါ စီးရီးအဖြစ် Netflix ကနေ ထပ်မံထွက်ရှိလာတာကြောင့် ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ အရင်လူတွေ မဟုတ်တော့ပါဘူး စီးရီးဖြစ်တဲ့အလျောက် ဘတ်ဂျက်လည်း လျှော့သုံးထားတာကို မြင်ရမှာပါ သို့ပေမဲ့လည်း The Bad Guys အထာဖြစ်တဲ့ တစ်ဦးချင်းစီရဲ့ ပေါက်ကရအကျင့်တွေနဲ့ ဟာသတွေကတော့ ကောင်းမွန်နေဆဲပါပဲ။ ဒီ စီးရီးက ရုပ်ရှင် ၂ ကားပြီးမှ ထွက်လာခဲ့ပေမဲ့ သူတို့ရဲ့အဆက်မဟုတ်ပဲ ဒီ The Bad Guys (လူဆိုးကြီးများအဖွဲ့) ကို ဘယ်လိုစတင်တည်ထောင်ပြီး ဘယ်လိုတွေ ကြိုးစားကြခဲ့လို့ နာမည်ရလာသလဲဆိုတာကို ပြန်ပြပေးသွားမယ့် Prequel သဘောဖြစ်ပါတယ်။ ရိုးရာမပြတ် The Bad Guys ခေါင်းဆောင်ဖြစ်တဲ့ ဝုဖ်တစ်ယောက်ရယ် မီးခံသေတ္တာအနှိုက်ကောင်းတဲ့ စနိတ်တစ်ယောက်ရယ် မိုနာလီဇာပန်းချီကားကို မိုနာလီဇာလို ရုပ်ဖျက်ခိုးခဲ့ဖူးတဲ့ ရုပ်ဖျက်ဝိဇ္ဇာကြီး ရှက်ခ်ရယ် တစ်ခုခုဆို စိတ်အလွန်လှုပ်ရှားတတ်တဲ့ ကားဒရိုက်ဘာ ပရားနားရယ် ပညာစွမ်းသိပ်ပြချင်နေသူ ဉာဏ်ကြီးရှင် နည်းပညာရှင်ဖြစ်တဲ့ ဟက်ခ်ကာ ဝက်ဘ်ရယ် အုပ်စုလိုက် တစ်ပိုင်းပြီးတစ်ပိုင်း ခွီနေရအောင် ဘယ်လိုတွေ ပေါက်ကရမျိုးစုံ ကြိုးခုန်ကြမလဲဆိုတာကို ပျော်ပျော်ပါးပါး ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါကြောင်း….။
အပိုင်းများ
9 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း