ဇာတ်ကားများ ရွေးရန်

Crutch

2025ဇာတ်လမ်းတွဲအမှတ် 2.8/10

ဒီsitcomလေးကတော့ စီဆန်၈ခုအထိ ရိုက်ကူးခဲ့တဲ့ The Neighborhood Sitcomရဲ့ spinoffအနေနဲ့ ထုတ်ထားတဲ့ Sitcomပါ။ The Neighborhoodကတော့ နယူးယောက်က မီချီဂန်က လူမဲတွေရဲ့ ပတ်ဝန်းကျင်မှာ အခြေချတဲ့ လူဖြူတစ်ယောက်နဲ့ လူမဲတွေကြားက ဆက်ဆံရေးကို ပြခဲ့ပေမဲ့ ဒီမှာတော့ နည်းနည်းပြောင်းသွားပါပြီ။ Francois 'Frank' Crutchfield ခေါ် 'Crutch' ဆိုတဲ့ လူမဲ ဇာတ်ကောင်နဲ့ သူ့မိသားစုကို ဗဟိုပြုပြီး ဇာတ်အိမ်တည်ထားတယ်။ ဆိုတော့ ဒီsitcomက လူမဲအသားပေး sitcomလို့လည်း ပြောလို့ရပါတယ်။ ဆိုပေမဲ့ sitcomမို့လို့ပဲလားတော့မသိ ပုံမှန်လူမဲကားတွေလို ကြမ်းကြမ်းတမ်းတမ်း ဆဲတာဆိုတာလည်း မပါတာမို့ မိသားစုနဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့လည်းရတယ်။ မိသားစုနဲ့ဆိုတာက ဒီဇာတ်လမ်းကိုက မိသားစုအကြောင်းမို့ပါပဲ။ သားသမီးတွေအရွယ်ရောက်လို့ သူလွတ်လပ်ပြီ ငွေရေးကြေးရေးမပူရတော့ဘူးလို့ ထင်နေတဲ့ အဖေတစ်ယောက်ဆီ သူ့သားသမီးတွေက အကြောင်းအမျိုးမျိုးနဲ့ ပြန်ရောက်လာကြလို့ ဘူနေတဲ့ အဖေတစ်ယောက်အကြောင်းဟာသပေါ့။ ဟာသမဟုတ်တဲ့ တခြားဘက်မှာတော့ သားသမီးတွေ အရွယ်ရောက်ပြီးလည်း သားသမီးတွေကို ဘဝတစ်ခုကို ကောင်းကောင်းတည်ဆောက်နိုင်အောင် လမ်းပြပေးဖို့ ကြိုးစားနေတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာကို မြင်ရပါလိမ့်မယ်။ နောက် The Neighborhoodလို ပတ်ဝန်းကျင်နဲ့ လူတွေကြားက အလွဲလေးတွေလည်း ပါတာမို့ ရပ်ကွက်ထဲက ဟာသလေးတွေကိုပါ ကြည့်ရမယ့်ဇာတ်လမ်းပါပဲ။ ရပ်ကွက်ထဲက ဟာသတွေကို အားလုံးကြိုက်ကြတယ်မို့လား။ အပန်းပြေစေမယ့် ဇာတ်လမ်းတွဲတစ်ခုပါပဲ။ File size…  500MB & 300 MB (Appx;)@Episode Quality… WEB DL 1080p & 720p Format… mp4 Duration…. 40m @Episode Genre ..... Comedy , Sitcom Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း