Death Inc.
ဒီဇာတ်လမ်းတွဲလေးကတော့ တော်ရာဂရိုဆာ(Torregrosa) ဆိုတဲ့ ဈာပနာလုပ်ငန်းလေးတစ်ခုအကြောင်းကို ရိုက်ကူးထားတဲ့ စပိန်ဟာသ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်။ မင်းသား Carlos Areces အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ IMDb rating အနေနဲ့လည်း 7.4 ထိရရှိထားတဲ့ ဇာတ်လမ်းတွဲလေးပါ။ ဇာတ်လမ်းအစမှာတော့ နာရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ တော်ရာဂရိုဆာ(Torregrosa Funeral Home) ရဲ့ တည်တောင်သူဖြစ်သူ ဂွန်ဇာလိုဟာ ရုတ်တရက် နှလုံးဖောက်ကာ ဆုံးပါးသွားခဲ့ပါတယ်။ ဂွန်ဇာလိုရဲ့ လက်ထောက်နဲ့ အားထားရသူဖြစ်တဲ့ ဒါမာဆို ကာရီလို ကတော့ သူသာလျှင် လုပ်ငန်းကို ဆက်ခံဖို့အတွက် သင့်တော်တဲ့သူလို့ ယုံကြည်ထားတဲ့သူပါ။ သို့ပေမဲ့လည်း မမျှော်လင့်ဘဲ ဂွန်ဇာလို ရဲ့ ဇနီးဖြစ်သူ နီးဗက်စ်က မိသားစုလုပ်ငန်းကို ဦးစီးလိုက်ပါတော့တယ်။နီးဗက်စ်အနေနဲ့ လုပ်ငန်းကို ဦးစီးဖို့ ဆုံးဖြတ်လိုက်ခဲ့ပေမဲ့လည်း အလုပ်ဆိုတာကို တစ်ခါမှ မလုပ်ခဲ့ဖူးသူဖြစ်လို့ လုပ်ငန်းသဘောတရားတွေကို ဘာမှနားမလည်ခဲ့ပါဘူး။ အဲဒါကြောင့်ပဲ သူ့ရဲ့သားမက်ဖြစ်သူ ချီမီကို အလုပ်ခန့်ပြီး အကူအညီယူကာ လုပ်ငန်းကို ခေတ်မှီဖို့ပြောင်းလဲရန် လုပ်ပါတော့တယ်။ အဲဒီအချိန်မှာပဲ လုပ်ငန်းတွင်း ပဋိပက္ခတွေ အလွဲတွေ ပေါ်ပေါက်လာကာ ဒါမာဆို တစ်ယောက် ဖြေရှင်းဖို့ကြိုးပမ်းရပါတော့တယ်။နာရေးလုပ်ငန်းတစ်ခုရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဟာသနှောကာ ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်လို့ ကြည့်ရှုသူတွေအတွက် တကယ်ကြည့်ရတာတန်မယ့် စီးရီးကောင်းလေးတစ်ခုဖြစ်မှာအသေအချာပါပဲ။ File size…(713 MB)/(364 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)
အပိုင်းများ
14 အပိုင်း၊ season 2 seasonဇာတ်လမ်းအကြောင်း