ဇာတ်ကားများ ရွေးရန်

Surely Tomorrow

2025ဇာတ်လမ်းတွဲအမှတ် 8.8/10

Surely Tomorrow (2025) အပိုင်းသစ် (1 မှ 12) စ/ဆုံး အရိုတလိုင်းကြိုက်တဲ့ ပရိသတ်တို့အတွက် Romance King မင်းသား Park Seo Joon ရဲ့ ရိုမန့်စ်ဒရမ်မာအသစ်လေး ထွက်ရှိလာပါပြီ။ Park Seo Joon နဲ့အတူ "Tempest, Heartbeat"စတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသမီး Won Ji An က ပါဝင်ထားပြီး တခြားနာမည်ကြီး သရုပ်‌ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ အီဂယောင်းဒို (Park Seo Joon) နဲ့ ဆောဂျီအူ (Won Ji-an) တို့ဟာ အသက်၂၀အရွယ်မှာ ပထမဆုံးအကြိမ် ပြဇာတ်အဖွဲ့ကလပ်မှာ တွေ့ဆုံပြီး ချစ်သူတွေဖြစ်ခဲ့ကြပေမဲ့ လမ်းခွဲခဲ့ပြီး အသက်၂၈နှစ်အရွယ်မှာ ဒုတိယအကြိမ် ပြန်တွဲခဲ့ကြပေမဲ့ ထပ်မံလမ်းခွဲခဲ့ကြပြန်ပါတယ်။ ဒီလိုနဲ့ လမ်းခွဲပြီး နှစ်အတော်ကြာပြီးနောက် သူတို့နှစ်ယောက်ကို ကံတရားက တတိယအကြိမ် ထပ်မံတွေ့ဆုံစေပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ အီဂယောင်းဒိုဟာ ဒုံအွန်းနေ့စဉ်သတင်းစာရဲ့ ဖျော်ဖြေရေးဌာနမှ သတင်းထောက်ဖြစ်နေပြီး သူ့ရဲ့အချစ်ဦးမလေး ဆောဂျီအူကတော့ သူစုံစမ်းဖော်ထုတ်နေတဲ့ လင်မယားကိစ္စအရှုပ်တော်ပုံတစ်ခုမှာ ပါဝင်ပတ်သက်နေသူရဲ့ ဇနီးသည်ဖြစ်နေပါတော့တယ်။ ဒီလိုအရှုပ်တော်ပုံနဲ့ အတိတ်က ဇာတ်လမ်းတွေကြားမှာ တတိယအကြိမ်ပြန်လည်တွေ့ဆုံမှုက သူတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုရှေ့ဆက်ဖြစ်သွားစေမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Aired: Dec 6, 2025 - Jan 11, 2026 Aired On: Saturday, Sunday Genres: Romance, Life, Melodrama Episodes: 12 Original Network: jTBC

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း