ဇာတ်ကားများ ရွေးရန်

Pro Bono

2025ဇာတ်လမ်းတွဲအမှတ် 8.8/10

Pro Bono (2025) အပိုင်း (၁ မှ ၁၂) စ/ဆုံး ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် Law ကိုမှ မပျင်းရလေအောင် comedy လေးတွေလည်းပါတဲ့ Pro Bono ဆိုတဲ့ ဥပဒေကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီကားလေးမှာတော့ ပရိသတ်ကြီးတို့နဲ့ မစိမ်းတဲ့ Hospital Playlist ထဲမှ Jung Kyoung-Ho, Dr.romantic ထဲက ဆရာဝန်မလေး So Joo-yeon တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ .. Kang Da-Wit ( Jung Kyoung-Ho )ဟာ ရည်မှန်းချက်ကြီးမားတဲ့ တရားသူကြီးတစ်ဦးပါ.. အလုပ်လုပ်ပုံက ပြီးပြည့်စုံပြီး သန့်ပြန့်တဲ့ရုပ်ရည်ကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်မိကာ တရားသူကြီးဘဝကနေ နှုတ်ထွက်လိုက်ရပြီးနောက် Pro Bono လို့ ခေါ်တဲ့ non-profit ရှေ့နေအဖွဲ့အစည်းတစ်ခုကို ဝင်ပြီး ပြည်သူ့အကျိုးဆောင် ရှေ့နေအဖြစ်နဲ့  ပြန်လည်စတင်ဖို့ ကြိုးစားပါတော့တယ် ။ Park Ki-Bbeum ( So Joo-yeon )ကတော့  Pro Bono ရဲ့ ပြည်သူ့အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်ပြီး စိတ်ဝင်စားတဲ့အရာကို တစိုက်မတ်မတ် လုပ်တတ်သူပါ.. ရှေ့နေအလုပ်ဆိုတာ လူ့အခွင့်အရေးကို ကာကွယ်ပေးပြီး တရားမျှတမှုကို ဆောင်ကျဉ်းပေးသူလို့ ယုံကြည်သူလေးလည်း ဖြစ်ပါတယ် ။ သူတို့နှစ်ဦး Pro Bono မှာ ဆုံတွေ့ကြပြီး အားနည်းသူတွေကို အခက်အခဲတွေကြားကနေ ဘယ်လိုကာကွယ်ပေးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် အတူတူ ခံစားကြည့်ရှုလိုက်ကြရအောင်နော်။ Episodes: 12 Aired: Dec 6, 2025 - Jan 11, 2026 Aired On: Saturday, Sunday Original Network: tvN Genres: Comedy, Law, Life, Drama

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း