ဇာတ်ကားများ ရွေးရန်

Taylor Swift | The Eras Tour | The End of an Era

2025ဇာတ်လမ်းတွဲအမှတ် 8.5/10

Taylor Swift: The End of an Era (2025) S1 Season 01 (စ/ဆုံး) Swifties တို့အတွက် Taylor Swift ရဲ့ The End of an Era miniseries ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီစီးရီးကတော့ The Eras Tour ရဲ့ စင်ပေါ်၊ စင်နောက် အဖြစ်အပျက်တွေ အားလုံးကို ရိုက်ကူးပြသထားတဲ့ စီးရီးတစ်ခုပါ။ ဒီစီးရီးကို မကြည့်ခင် The Eras Tour အကြောင်းကို သိထားရင် ပိုအဆင်ပြေပါတယ်။ ဒီ Tour က ကျနော်တို့ မြင်ခဲ့ဖူးတဲ့ ဖျော်ဖြေပွဲတွေနဲ့ မတူပါဘူး။ ဒါက တေလာရဲ့ Career တစ်ခုလုံးကို စာအုပ်တစ်အုပ်မှာ ရေးပြီး ပရိသတ်ပေါင်း ၁၀ သန်းရှေ့မှာ တေလာကိုယ်တိုင် ဖတ်ပြလိုက်တဲ့ ပုံစံမျိုးပါ။ တေလာက၂၁ လ အတွင်း နိုင်ငံပေါင်း ၂၁ နိုင်ငံ၊ မြို့ပေါင်း ၅၁ မြို့မှာ သုံးနာရီကျော် ကြာမြင့်တဲ့ ရှိုးပွဲပေါင်း ၁၄၉ ပွဲ သီဆိုခဲ့ပါတယ်။ ဝင်ငွေကလည်း ဒေါ်လာ ၂ ဘီလျံကျော် ရှိခဲ့ပြီး ဒီပမာဏက Tour ပွဲအားလုံးထက် ပိုများတဲ့ ပမာဏ တစ်ခုပါ။ လာရောက်တဲ့ ပရိသတ်တွေကလည်း ရှိုးပွဲ တစ်ခုကို ကြည့်နေရတာတင် မဟုတ်ပါဘူး။ တေလာဆွစ်ရဲ့ အနုပညာသက်တမ်းမှာ ဖြတ်သန်းခဲ့သမျှ ဘဝကဏ္ဍတွေကို တစ်ခန်းပြီးတစ်ခန်း ပါဝင် ဖြတ်သန်းကြသလိုပါပဲ။ အစောပိုင်း ကန်းထရီးဆိုခဲ့တဲ့ ကာလကနေ ပေါ့ပ်ကာလအထိ၊ အဲဒီကနေ Indie-Folk ကာလ၊ အဲဒီကနေ သူမကြာခင် ထွက်ရှိထားတဲ့ အလ်ဘမ်အထိ တစ်ကန့်ပြီး တစ်ကန့် လှစ်ဟပြသွားတာပါ။ ပွဲတစ်ပွဲကို သီချင်းအပုဒ်ရေ ၄၀ ကျော် ၅၀ နီးပါး ပါဝင်ပြီး သုံးနာရီကျော် ကြာမြင့်ပါတယ်။ ဒီမှာတင် ပရိသတ်တွေကို တေလာတစ်ယောက် ဘယ်လောက် တန်ဖိုးထားသလဲ မြင်နိုင်ပါတယ်။ မဲလ်ဘုန်းက ခရစ်ကတ်ကွင်းမှာ ဖေဖော်ဝါရီလက လုပ်ခဲ့တဲ့ ရှိုးမှာ ဆိုရင်လည်း ပရိသတ်ပေါင်း ၉၆၀၀၀ ကျော် လာရောက် အားပေးခဲ့ပါတယ်။ အဲဒီပွဲက တေလာဆွစ် ဖျော်ဖြေခဲ့ဖူးသမျှထဲ ပရိသတ်အများဆုံး ပွဲတစ်ခု ဖြစ်သွားတဲ့အပြင် ဆယ်နှစ်အတွင်းမှာ ပရိသတ် အများဆုံး ဂီတပွဲတစ်ခု အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရှေ့မှာ ထွက်ထားတဲ့ Taylor Swift: The Eras Tour (The Final Show) ရုပ်ရှင်မှာတော့ ပွဲထဲက အရာတွေကို ပြန်ပြောင်းပြောထားတာ ဖြစ်ပေမဲ့ ဒီစီးရီးမှာတော့ စင်နောက်က ကိစ္စတွေကို ရိုက်ကူးထားပါတယ်။ ဒီ နယ်လှည့်ဖျော်ဖြေပွဲကြီး ဖြစ်မြောက်လာဖို့ အားထုတ်ခဲ့တဲ့ နောက်ကွယ်က လူတွေအကြောင်းကိုပါ ထဲထဲဝင်ဝင် ရိုက်ကူးပြထားတဲ့အပြင် တေလာရဲ့ အခက်အခဲတွေ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာတွေနဲ့ ပွဲထဲမှာ ပြသမယ့် အရာတွေကို ဖန်တီးပုံကိုပါ ပြောပြထားပါတယ်။ အခုလို ပွင့်ပွင့်လင်းလင်း ပြောထားတာကြောင့်လည်း ဒီစီးရီးက အတော်ကို ရင်ထဲရောက်တာပါ။ တေလာရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဖန်တီးမှုတွေ အားလုံးကို အရှိအတိုင်း မြင်ရပါတယ်။ ပထမဆုံး အပိုင်းမှာတင် ဗီယင်နာမှာ ပွဲပျက်သွားတဲ့အကြောင်း၊ လီဗာပူးမြို့မှာ ဖြစ်ခဲ့တဲ့ စိတ်ထိခိုက်စရာ အဖြစ်အပျက်အကြောင်းတွေကို ပြောပြထားတာပါ။ ဒါက အပြင်လူအနေနဲ့ သာမန်ဆိုရင် ထဲထဲဝင်ဝင် သိနိုင်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ အဲဒီလို အန္တရာယ်များတဲ့ စိန်ခေါ်မှုတွေကို တေလာတစ်ယောက် ဘယ်လို ကျော်ဖြတ်ခဲ့သလဲ ဆိုတာကိုပါ ဒီစီးရီးမှာ မြင်ရပါလိမ့်မယ်။ ပွဲအကြောင်း ဆက်ပြောရရင် တေလာက သူ့အလ်ဘမ်တွေ၊ ပုံတွေထဲမှာ Symbolistic ဆန်ဆန် အဓိပ္ပါယ်နက်နက်လေးတွေ မြုပ်ထားတတ်တာကို ပရိသတ်တွေ သိပြီးသားပါ။ ဒီ စီးရီးမှာလည်း အဲဒီလို Easter Egg တွေ ပါတယ်လို့ အမာခံ Swifties တွေက ပြောပါတယ်။ တေလာရဲ့ နောက်လုပ်မယ့် ပရောဂျက်တွေ၊ သီချင်းအကြောင်းတွေ စသဖြင့်ပေါ့။ ဒီစီးရီး ထွက်လာကတည်းက တွစ်တာတို့၊ Reddit တို့မှာ အကြိတ်အနယ် ဆွေးနွေး ငြင်းခုန်နေကြတာပါပဲ။ ဒါကလည်း တွေးကြည့်ရင် အမာခံပရိသတ်တွေအတွက် ပျော်စရာကိစ္စတစ်ခုပါ။ တေလာက ဒီစီးရီးထဲ ဘာတွေကို ပြောပြီး ဘာတွေကို မြုပ်ထားမလဲ ဆိုတာ အဖြေရှာတာကလည်း ရင်ခုန်စရာ တစ်ခု ဖြစ်လာပါလိမ့်မယ်။ စီးရီးထဲမှာ တကယ် ကြည်နူးစရာ ကိစ္စကတော့ အဖွဲ့ထဲပါဝင်တဲ့ လူတစ်ယောက်ချင်းစီကို တေလာက ကြင်ကြင်နာနာ ဆက်ဆံပြီး လူအယောက်စေ့တိုင်းကို အသိအမှတ်ပြုတာ မြင်ရတာပါပဲ။ The Eras Tour လို သမိုင်းဝင် ရှိုးပွဲတစ်ခုက မတော်တဆ ဖြစ်လာတာ မဟုတ်ပါဘူး။ နောက်ကွယ်မှာ ထောင်နဲ့ချီတဲ့ အကသမားတွေ၊ အဖွဲ့သားတွေ ရှိပါတယ်။ တေလာက သူတို့တစ်ယောက်ချင်းကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကားတွေ ပြောပါတယ်။ အသိအမှတ်ပြုပါတယ်။ ဘောနပ်စ်တွေ ပေးတုန်းကလည်း သူကိုယ်တိုင် နှစ်ပတ်လောက် စာတွေရေး၊ စာအိပ်ကိုလည်း ကိုယ်တိုင် ဖယောင်းနဲ့ ချိပ်ပိတ်ပြီး သေသေချာချာ ပေးတာပါ။ ဘောနပ်စ်ပေးတာတင် စုစုပေါင်း ဒေါ်လာ ၁၉၇သန်းလောက် ရှိမယ်လို့‌ သိရပါတယ်။ ဒါက သာမန် သဘောကောင်းတာတင် မဟုတ်တော့ပါဘူး။ ပုံမှန် ပွဲတွေဆိုရင် နောက်ကွယ်က အဖွဲ့သားတွေက လူမသိ သူမသိ ဖြစ်တတ်ပါတယ်။ အသိအမှတ်ပြု မခံရပါဘူး။ The Eras Tour မှာတော့ ပါဝင်တဲ့လူတိုင်း အသိအမှတ်ပြုခံရပါတယ်။ ဒါကလည်း တေလာကို တေလာ ဖြစ်လာစေတဲ့ အချက်တစ်ခုပါ။ ပြောရရင် The Eras Tour က Tour တစ်ခုထက် ပိုသလို ဒီ ဒိုကူစီးရီးကလည်း စီးရီးတစ်ခု ဆိုတာထက် ပိုပါတယ်။ ဒါကြောင့် Love Story သီချင်းကို ညည်းခဲ့ဖူးတာဖြစ်ဖြစ်၊ All Too Well နဲ့ ငိုခဲ့ဖူးတာဖြစ်ဖြစ်၊ Anti- Hero နဲ့ ကြေကွဲခဲ့ဖူးတာဖြစ်ဖြစ်၊ ဘယ်လို သီချင်းနဲ့ ဘယ်လိုတွေ ခံစားခဲ့ဖူးပါစေ... ဒီစီးရီးက ကိုယ့်ခံစားချက်တွေ ဖြစ်တည်ခဲ့ရာ ကာလတစ်ခုကို The Eras Tour ကတဆင့် ခေါ်ဆောင်သွားပေးမယ့် အချိန်ခရီးသွား စက်ကလေး ဖြစ်ပါကြောင်း.. File size… (900 MB) / (450 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Documentary, Music Duration…. 45min Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း