ဇာတ်ကားများ ရွေးရန်

Devil Lover

2015ဇာတ်လမ်းတွဲအမှတ် 10.0/10

ဒီဇာတ်လေးကတော့ သဘာဝလွန်စွမ်းအားရှိတဲ့ ဆိုလာ့ ဆိုတဲ့ လူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်..... ဆိုလာ့က သူငယ်စဉ်ကတည်းကသဘာဝလွန်စွမ်းအားတွေရှိလို့ သူ့အဖေကသူ့ကို မကောင်းဆိုးဝါးလို့ထင်သွားခဲ့ပါတယ်။ ဆိုလာ့ စိတ်တိုတာပဲဖြစ်ဖြစ် တစ်ခုခုကြောင့်စိတ်ရှုပ်လာပြီဆိုရင် လူတွေကို အန္တရာယ်ပေးနိုင်တဲ့အထိ စွမ်းအားတစ်ခုရှိတယ်.... တစ်နေ့မှာတော့ဆိုလာ့ရဲ့အဖွားမဆုံးခင်ချိန်လေးမှာ ဆိုလာ့ရဲ့အဖွားက ဆိုလာ့ကို မျက်နှာဖုံးတစ်ခုကိုလက်ဆောင်ပေးခဲ့ပါတယ်။ ဆိုလာ့အဖွားဆုံးပြီးနောက်နေ့မှာ ဆိုလာ့ ကျောင်းသွားတော့ ကျောင်းမှာရှိတဲ့ သူ့အတန်းဖော်က ဆိုလာ့မျက်နှာဖုံးကိုလုသွားပါလေရော အဲဒါနဲ့ ဆိုလာ့က ပြန်တောင်းတော့ ပြန်မပေးဘဲ အဲဒီ မျက်နှာဖုံးကို ဆွဲလုရင်း နှစ်ခြမ်းကွဲသွားတော့ ဆိုလာ့စိတ်ဆိုးပြီး သူ့စွမ်းအားနဲ့ သူ့ရဲ့အတန်းဖော်ကို လည်ပင်းညစ်လိုက်ပါတော့တယ်။ ဒါမဲ့အဲဒီအတန်းဖော်က အသက်ဆုံးရှုံးသွားတဲ့ထိတော့မဖြစ်ခဲ့ပါဘူး။ နောက်နေ့မှာတော့ ကျောင်းအုပ်ကြီးက ဆိုလာ့ကို ဒီကျောင်းကိုဆက်ပြီးတက်ခွင့်မပေးတော့ပါဘူး။ ဆိုလာ့အဖေကလည်း ဆိုလာ့ကိုစိတ်တိုပြီး အခန်းထဲပိတ်လှောင်ထားလိုက်တယ်။ အဲဒီချိန်မှာ ဆိုလာ့အမေက ဆိုလာကို သွားကြည့်မယ်ဆိုပြီး သွားတော့ အဖေက အဲဒီကလေးက ငါတို့သားမဟုတ်ဘူးမကောင်းဆိုးဝါးကောင်ပဲ သူ့ဆီမသွားနဲ့ပြောတယ် အဲဒါကို ဆိုလာ့က ကြားပြီး သူကမကောင်းဆိုးဝါးမဟုတ်ဘူးလို့ဆိုကာ စိတ်တွေရှုပ်ထွေးလာပြီး အခန်းထဲမှာရှိသမျှပစ္စည်းတွေက လည်း လေပေါ်မြောက်တက်တာတွေမြောက်တက် ကွဲတာတွေကွဲဖြစ်နေတဲ့အချိန် ဆိုလာ့ အမေက အခန်းထဲဝင်သွားတော့ ဖန်ကွဲစတွေက ဆိုလာ့အမေနဖူးကိုထိသွားတော့တယ်.... ဆိုလာ့အဖေကလည်း သည်းမခံနိုင်တော့တဲ့အဆုံး ဆိုလာ့ ဦးလေး ဆိုဂျီကို ခေါ်ပြီး ဆိုလာ့ကို JTSDလို့ခေါ်တဲ့နည်းပညာပိုင်းဆိုင်ရာဌာနမှာ ကုသမှုခံယူဖို့ လာခေါ်ခိုင်းပါတော့ တယ်....နောက်ဆုံးမှာ ဆိုလာ့က ကုသမှုခံယူတာအောင်မြင်မလားဆိုတာ ဒီဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြရအောင်................. File size…(950 Mb)/(450 Mb) Quality….Webrip 1080p / 720p Duration…. 00:50:00

အပိုင်းများ

17 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 17 အပိုင်း

ဇာတ်လမ်းအကြောင်း