ဇာတ်ကားများ ရွေးရန်

Girl Next Room: Richy Rich

2020ဇာတ်လမ်းတွဲအမှတ် 9.0/10

''ကျွန်တော့်ချစ်သူ သူဌေးမလေး'' Girl Next Room Series ရဲ့ ၃တွဲမြောက်ဖြစ်တဲ့ ''ကျွန်တော့်ချစ်သူ သူဌေးမလေး'' ဇာတ်လမ်းထဲမှာတော့ လမ်းဘေးပဲနို့သည် မိသားစုကနေ မွေးဖွားလာတဲ့ ကလေးမလေးဒန်လိတ်က ခွန်ခေါင်ဆိုတဲ့ သူဌေးသားလေးကို ငယ်ငယ်ကတည်းက တိတ်တခိုး သဘောကျနေခဲ့ပါတယ်။ တစ်နေ့ ဒန်လိတ်တို့ မိသားစု ထီပေါက်လို့ ပဲနို့ကုမ္ပဏီထောင်ပြီး ချမ်းသာလာတဲ့အခါ ဒန်လိတ်ကလည်း ဒတ်ချေ့လို နာမည်ပြောင်းခဲ့တဲ့အပြင် ငယ်ချစ်ဦး ခွန်ခေါင်ရှိရာ တက္ကသိုလ်ဆီ ပြောင်းလာပြီး သူဌေးတွေသာဝင်နိုင်မယ့် The Rich ကလပ်ထဲကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အစအနောက်သန်တဲ့ ကထင်ဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး သူ့ရဲ့ ဆင်းရဲတဲ့အတိတ်ကို သိသွားတာကြောင့် အနိုင်ကျင့်အစခံရပါတော့တယ်။ နောက်ဆုံးမှာ ဒတ်ချေ့ဝင်ချင်နေတဲ့ The Rich ကလပ်ထဲ ဝင်နိုင်သွားမလား......... ငယ်ချစ်ဦး ခွန်ခေါင်နဲ့ရော ချစ်သူတွေဖြစ်သွားမလား....... ဒါမှမဟုတ် ကံကြမ္မာကကျီစယ်ပြီး ကထင်နဲ့ပဲ အနေနီးပြီး ချစ်မိသွားမလားဆိုတာဒီစီးရီးလေးထဲမှာ ကြည့်လိုက်ကြရအောင်ပါနော်....... File size…(730 Mb)/(400 Mb) Quality….Webrip 1080p / 720p Duration…. 00:50:00

အပိုင်းများ

5 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း