Golden Boy
Golden Boy (1995) IMDB – 8/10, MyAnimeList – 8/10 (Ecchi Anime ဖြစ်တဲ့အတွက် မိသားစုနဲ့ ကြည့်လို့မရပါဘူး အောက်ပိုင်းပြက်လုံးလို ဟာသလေးတွေရယ် လူကြီးကားမဟုတ်သော်ငြား အပေါ်ပိုင်း ရင်နှစ်မွှာကိုလည်း အလွတ်ပြသထားတာမျိုးလေးတွေ ပါဝင်တဲ့အတွက် 18+ လောက်တော့ ခေါင်းစဉ်တပ်ပေးချင်ပါတယ်။) ၉၀ ခုနှစ်ကျော် ကာလတွေရဲ့ ရွှေရောင်ကောင်လေး Anime ဟာသကားဟောင်းလေးကို ပြန်လည် တင်ဆက်ပေးသွားပါ့မယ်။ အသက် ၂၅ နှစ်အရွယ် Kintaro Oe ဆိုတဲ့ကောင်လေးတစ်ယောက် စက်ဘီးလေးတစ်စီးနဲ့ ဂျပန်နိုင်ငံပတ်ပြီး အချိန်ပိုင်းအလုပ်လေးတွေ ပေါင်းစုံလုပ်ရင်း စာသင်ခန်းတွေမှာ မရနိုင်တဲ့ ဘဝသင်ခန်းစာတွေကို လိုက်လံရှာဖွေတဲ့အကြောင်းကို Echhi ဆန်ဆန် ဆက်ဆီကျကျ ကောင်မလေးတစ်သိုက်နဲ့ တလွဲတွေလုပ် ဟာသလေးတွေနှောပြီး တင်ဆက်ထားတာပါ။ ဇာတ်လမ်းတည်ထားတဲ့ပုံစံကလည်း တစ်ပိုင်းကို ဇာတ်လမ်းလေးတစ်ပုဒ်ဆိုတော့ ကြည့်ရတာနဲ့ မပျင်းရစေပဲ အညှီအဟောက် ဟာသလေးတွေရော ရယ်စရာမျက်နှာပေါက်တွေနဲ့ရော ပျော်ပျော်ပါးပါး ၆ ပိုင်းဆက်တိုက်ခွီနေရမှာပဲ ဖြစ်ပါတယ်။ ရယ်တာကတော့ အင်မတန်ကို ရယ်ရတဲ့ Anime လေးပါ ကျွန်တော်ဆို တချို့အခန်းတွေမှာ အသံအကျယ်ကြီး ထွက်ပြီးကို ရယ်မောဖြစ်ပါတယ်။ ဒီစီးရီးထဲက ရေကူးတဲ့အခန်းလေးဆိုရင်လည်း တချို့ Video Clip လေးတွေကို Facebook ပေါ်တို့ ဘာတို့မှာ ကြည့်ဖူးကြမယ်တော့ ထင်မိပါတယ်။ ကောင်မလေးတွေနဲ့ ပေါက်ကရလေးဆယ် နှာဘူးထပြီး မျက်ခွက်တွေ ပြောင်နေပေမဲ့လည်း အပိုင်း ၁ မှာ Software ကုမ္ပဏီက အလုပ်အကြောင်းတွေ အပိုင်း ၂ မှာ မဲဆွယ်ပွဲအကြောင်းတွေ အပိုင်း ၃ မှာဆို ဂျပန်လက်လုပ်ခေါက်ဆွဲအကြောင်းတွေ အပိုင်း ၄ မှာ ရေကူးအားကစားနည်းနဲ့ ကလေးတွေကို သင်ကြားနည်းတွေ အပိုင်း ၅ မှာဆို ဂျပန်ရှေးမိသားစု ယဉ်ကျေးမှုတွေနဲ့ အပိုင်း ၆ မှာဆို Anime ထုတ်လုပ်ရေး ကုမ္ပဏီအကြောင်းတွေကိုပါ ဗဟုသုတရအောင် ဖော်ပြသွားပေးတာ ဖြစ်လို့ ဟန်ချက်ညီညီ ပေါင်းစပ်ထားတယ် ပြောရမှာပါပဲ။ ကဲ ဘဝအမောတွေ တစ်ခဏလောက်ပြေစေဖို့ ခေတ်ဟောင်းထဲက Anime ကောင်းလေးနဲ့ အပန်းဖြေလိုက်ကြပါဦးဗျာ…။
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း