Recipe For Love
Recipe For Love (2026) အပိုင်းသစ် (1 မှ 50) စ/ဆုံး မိသားစုဇာတ်လမ်းတွဲရှည်ကိုမှ ကြိုက်နှစ်သက်သူတွေအတွက် မိသားစု၂စုကြားက နှစ်၃၀ကြာ အမြစ်တွယ်နေတဲ့ ရန်ငြိုးနဲ့အမုန်းတွေကို အချစ်နဲ့ ဘယ်လိုကုစားသွားမလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Castတွေအဖြစ် "Pandora: Beneath the Paradise" ဇာတ်ကားမှ မင်းသား Park Ki Woong နဲ့ "Bad Memory Eraser"ဇာတ်ကားမှ မင်းသမီးJin Se Yeonတို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့..... ဂုံဂျူအာ (Jin Se Yeon) ဟာ မိခင်ဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် ဆရာဝန်ဘွဲ့ရရှိခဲ့ပေမဲ့ ဆရာဝန်အလုပ်ကို စွန့်လွှတ်ကာ သူမ အမှန်တကယ်ဝါသနာပါတဲ့ အဝတ်အထည် ဒီဇိုင်နာလမ်းကြောင်းကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့သူပါ။ ယန်ဟျွန်းဘင်း (Park Ki Woong)ကတော့ ထယ်ဟန်လုပ်ငန်းစုရဲ့ ဖက်ရှင်ဌာနခွဲမှာ အထွေထွေမန်နေဂျာဖြစ်သလို စီးပွားရေးစီမံခန့်ခွဲမှုနဲ့ ဖက်ရှင်ရေစီးကြောင်းတွေမှာ အတွေ့အကြုံရင့်ကျက်သူတစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ့မှာ မထင်မှတ်ထားတဲ့အခြေအနေတစ်ခုကြောင့် ဂျူအာဟာ ဟျွန်းဘင်းရဲ့လက်အောက်မှာ အလုပ်လုပ်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ ငယ်စဉ်ကအချစ်ဦးတွေဖြစ်ခဲ့ကြပေမဲ့ မိသားစု၂စုကြားက အာဃာတတွေကြောင့် ဝေးကွာခဲ့ရတဲ့ သူတို့နှစ်ယောက် အလုပ်ခွင်မှာ ပြန်ဆုံတွေ့တဲ့အချိန်မှာတော့ ဟျွန်းဘင်းဟာ သူတို့နှစ်ဦးက ခွဲမရတဲ့ ကံပါလာတဲ့သူတွေလို့ယုံကြည်သွားပြီး လေးနက်တဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့ ကြိုးစားပါတော့တယ်။ ဒါကြောင့် ဟျွန်းဘင်းတစ်ယောက် မိသားစုနှစ်စုရဲ့ နှစ် ၃၀ ကြာရန်ငြိုးတွေကိုရင်ဆိုင်ပြီး တစ်မိသားစုတည်းအဖြစ် ပေါင်းစည်းနိုင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ Aired: Jan 31, 2026 - ? Aired On: Saturday, Sunday Genres: Comedy, Romance, Drama, Family Episodes: 50 Original Network: KBS2
အပိုင်းများ
50 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း