ဇာတ်ကားများ ရွေးရန်

The 'Burbs

2026ဇာတ်လမ်းတွဲအမှတ် 4.3/10

The 'Burbs (2026) Season 01 (Complete) IMDb Rating (7.7) / Rotten Tomatoes (78%) Peacock ကနေ ဒီနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ကမှ အသစ်စက်စက် ထွက်ရှိလာတဲ့ Mystery Comedy ဇာတ်လမ်းတွဲလေး တစ်ခုတင်ပေးထားပါတယ်။ ၁၉၈၉ တုန်းက မင်းသားကြီး Tom Hanks ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဂန္ထဝင်ရုပ်ရှင် "The 'Burbs" ကို အခြေခံပြီး ခေတ်နဲ့အညီ ပြန်လည်ဆန်းသစ် ရိုက်ကူးထားတာပါ။ မင်းသမီး Keke Palmer နဲ့ Jack Whitehall တို့က အဓိကပါဝင်ထားကြပြီး Tom Hanks ကိုယ်တိုင်လည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း Samira (Keke Palmer) နဲ့ သူ့ယောကျာ်း Rob (Jack Whitehall) တို့ လင်မယားနှစ်ယောက်ဟာ မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကို စွန့်ခွာပြီး Hinkley Hills ဆိုတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးဆီ ပြောင်းရွှေ့လာကြပါတယ်။ Rob ကြီးပြင်းခဲ့တဲ့ ငယ်ဘဝအိမ်လေးကို ပြန်ပြောင်းလာကြတာပေါ့။ ရပ်ကွက်လေးက အပေါ်ယံကြည့်ရင်တော့ အေးချမ်းသလိုလို၊ အိမ်နီးနားချင်းတွေကပဲ ဖော်ရွေသလိုလိုနဲ့ နေချင်စရာပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီရပ်ကွက်က လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိနေကြပါတယ်။ အထူးသဖြင့် သူတို့အိမ်ချင်းဆိုင်က နှစ်ပေါင်းများစွာ လူမနေဘဲ ပစ်ထားတဲ့ အိမ်ပျက်ကြီးဆီကို Gary ဆိုတဲ့ လူထူးလူဆန်းတစ်ယောက် ပြောင်းလာတဲ့အခါမှာတော့ ဇာတ်လမ်းတွေ စပါတော့တယ်။ Samira ကလည်း အိမ်မှာ ကလေးထိန်းရင်း ပျင်းနေတဲ့သူဆိုတော့ အိမ်ဘက်ခြမ်းက လူသစ်ကို မသင်္ကာဖြစ်ပြီး စောင့်ကြည့်ပါလေရော။ နောက်ပိုင်းမှာတော့ ရပ်ကွက်ထဲက စပ်စုစိန် အိမ်နီးချင်းတွေဖြစ်တဲ့ Lynn, Dana, Tod တို့နဲ့ပေါင်းပြီး အပျော်တမ်း စုံထောက်လုပ်ကြတာပေါ့။ ဟိုအရင်တုန်းက ပျောက်ဆုံးသွားတဲ့ Alison Grant ဆိုတဲ့ ကောင်မလေးရဲ့ အမှုဟောင်းနဲ့လည်း ဆက်စပ်နေမှန်း သိလာရတဲ့အခါ သူတို့ ဘာတွေ ဆက်တွေ့ရမလဲ... ရပ်ကွက်ထဲက လူတွေကရော ဘာတွေဖုံးကွယ်ထားကြလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ရယ်မောရင်း ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ IMDb Rating 7.7/10 အထိ ရထားပြီး Rotten Tomatoes မှာလည်း Rating ကောင်းကောင်းရထားတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်လမ်းအသွားအလာ ကောင်းကောင်း ကြည့်ချင်သူတွေ လက်မလွတ်သင့်တဲ့ စီးရီးလေးပါ။ File size… (560 MB) / (340 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Mystery Duration…. 00:41:52 Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း