ဇာတ်ကားများ ရွေးရန်

The Village Barber

2026ဇာတ်လမ်းတွဲအမှတ် 8.8/10

The Village Barber (2026) အပိုင်းသစ် (1 မှ 10) စ/ဆုံး ဒီတစ်ခေါက်မှာတော့ သရုပ်ဆောင်ပိုင်းမှာတင်မက ရသစုံလင်ရှိုးဘက်မှာပါ အသစ်အသစ်များစွာကို စိန်ခေါ်ကြည့်နေတဲ့ မင်းသား Park Bo-Gum ရဲ့ အသစ်ထွက် ရှိုးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Park Bo-Gum နဲ့အတူ Good Boy မှာ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသား Lee Sang-Yi, Love in the Moonlight မှာ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသား Kwak Dong-Yeon တို့လည်း အတူပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ ဆံသဆရာ အသိအမှတ်ပြုလက်မှတ် ရထားတဲ့ ဘတ်ဘိုဂမ်၊ လက်သည်းအလှပြင်ပညာရှင် အသိအမှတ်ပြုလက်မှတ်ရထားတဲ့ အီဆန်းအီနဲ့ ဟင်းချက်တာဝန်ခံ ဂွက်ဒုံယွန်းတို့က ဘတ်စ်ကားအသွားအလာလည်း နည်းပြီး ဆံသဆိုင် လုံးဝလုံးဝ မရှိတဲ့ တောရွာလေးတစ်ရွာဆီ သွားပြီးတော့ ဆံသဆိုင် သွားရောက်ဖွင့်လှစ်ပေးကြမှာပါ။ တောရွာလေးရဲ့ အေးချမ်းလှပတဲ့ ရှုခင်းထဲမှာ ဘိုဂမ်တို့ သူငယ်ချင်း ၃ ဦးက သရေစာမုန့်တွေလည်း ဧည့်ခံကျွေးမွေးရင်း ရွာသူရွာသားတွေရဲ့ ဆံပင်ကို ဘယ်လိုမျိုး မှော်ဆန်ဆန် ပြုပြင်ပြောင်းလဲပေးသွားမလဲဆိုတာကို ကြည့်ရှုဖို့အတွက် "ဘိုဂမ်ရဲ့ ဆံသဆိုင်လေး" ဆီ တစ်ခါတစ်ခေါက် အလည်သွားလိုက်ကြစို့နော်။ Aired: Jan 30, 2026 - ? Aired On: Friday Genres: Life, Reality Show Episodes: 10 Original Network: tvN

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း